၂၀ -၂ -၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင် ( ၁၃-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ၊နှမ်းဖြူ(၂၀၀၀/-)(၅၀၀၀/-)၊နှမ်းဖြူ-ရေသွင်း(၁၀၀၀/-)၊ နှမ်းညိုကြား (၁၀၀၀/-) ကျပ် စျေးတက်ကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၉၀၀ မှ ၁၂၅၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၃-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်ဝါသေး (၂၀၀၀/-) ၊ ကုလားပဲ (929) ( ၅၀၀/- ) ၊ ကုလားပဲ (HL) ( ၃၀၀/- ) ၊ ပဲစဉ်းငုံ (သစ်) (၁၈၀၀/-)၊ ပဲစဉ်းငုံ (အဟောင်း) (၂၀၀၀/-)၊ မတ်ပဲ (၂၀၀၀/-) ကျပ် စျေးတက်ပြီး ပဲတီစိမ်း(၁၅၀၀/-)၊ ပဲနောက် သေး (၁၅၀၀/-)၊ ပဲကြီးဖြူ(၂၀၀၀/-)၊ ပဲကြီးမဲ(၁၅၀၀/-) ပဲထောပတ်(၇၀၀/-) ၊ ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေး များ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၁၃-၂-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၅၀/-) မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) (၅၀/-)စျေးတက်ကာ မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၃.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀၀/-)ကျပ် စျေးကျကာ မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၃.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း)(၂၀၀၀/-)ကျပ်စျေးတက်ပြီး ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူ ကုန်စည်ဒိုင်တွင် ယခင် ( ၁၃-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းနက်စမုံပုံမှန်(၃၀၀၀/-)၊ပဲစဉ်းငုံ 2020 (၁၆၀၀/-)၊ကုလားပဲ(929)(၁၀၀၀/-)ကျပ် စျေးတက် ကာ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲ နှမ်းမျိုးစုံ (၅၀)အိတ်၊ပဲမျိုးစုံ(၂၀၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၁၃-၂-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းဆီ (၅၀၀/-) ၊စားအုန်းဆီ (၆၀/-)၊ ပဲလွန်းပြာ(၁၀၀၀/-) ကျပ် စျေးကျပြီး မတ်ပဲ(၃၀၀၀/-)၊ ကုလားပဲ (929)(၁၀၀၀/-)ကျပ် စျေးတက်ကာ ကျန်ပဲမျိုးစုံ နှင့် နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။