၂၅ -၂ -၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်( ၁၈-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်စမုံ(၁၀၀၀၀/-)၊ဂွနက် (၁၀၀၀၀/) နှမ်းဖြူ(၇၀၀၀/-)(၆၀၀၀/-) ၊နှမ်းဖြူ-ရေသွင်း(၂၀၀၀/-)(၄၀၀၀/-) ၊ နှမ်းညိုကြား (၂၀၀၀/-) ကျပ် စျေးတက်ပြီး နှမ်းနီ(၂၀၀၀/-) စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၀၅၀ မှ ၁၄၅၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၈-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး (၁၅၀၀/-)၊ ကျပ်စျေး တက် ပြီး ပဲတီစိမ်း(၁၅၀၀/-)၊ ပဲနောက် သေး (၁၅၀၀/-)၊ကုလားပဲ (929) ( ၁၁၀၀/- ) ကုလားပဲသေး(၅၀၀/-)၊ပဲကြီးဖြူ( ၂၀၀၀/-)၊ ပဲကြီးမဲ(၂၀၀၀/-) ပဲထောပတ်(၂၂၀၀/-)၊မတ်ပဲ (၁၀၀၀/-) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေး များ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၁၈-၂-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၅၀/-) မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) စျေးတက်ကာ မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၈.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါကနှမ်းဆီ (၂၀၀/-)ကျပ်စျေးကျကာ စားအုန်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၈.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူ ကုန်စည်ဒိုင်တွင် ယခင် ( ၁၈-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းစမုံနက်ပုံမှန်(၁၀၀၀/-)၊ ပဲဇီးကွက်(၅၀၀/-) ကျပ် စျေးတက်ပြီး ပဲစဉ်းငုံ 2020 (၅၀၀/-) ၊ ကုလားပဲ (929)(၁၀၀၀/-) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံ နှင့် နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ ပဲမျိုးစုံ(၃၁၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။