(၂၇ -၂ -၂၀၂၀) ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်( ၂၀-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်စမုံ(၁၀၀၀၀/-)၊ဂွနက် (၁၀၀၀၀/) ၊ နှမ်းဖြူ(၇၀၀၀/-)(၃၀၀၀/-) ၊နှမ်းဖြူ-ရေသွင်း(၄၀၀၀/-)(၆၀၀၀/-) ၊ နှမ်းညိုကြား (၃၀၀၀/-) ကျပ် စျေးတက်ပြီး အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၉၅၀ မှ ၁၃၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၂၀-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး (၁၀၀၀/-)၊ ပဲကြီးမဲ (၁၅၀၀/-) ၊စားတော်ပဲ(၅၀၀/-) ကျပ် စျေးတက်ပြီး ပဲစဉ်းငုံ(ဟောင်း) (၁၀၀၀/-) ပဲစဉ်းငုံ (သစ်) (၁၂၀၀/-)၊ပဲတီစိမ်း (၁၅၀၀/-) ကုလားပဲ (929) ( ၁၈၀၀/- )၊ ကုလားပဲ (HL) (၁၈၀၀/- ) ၊ ကုလားပဲသေး(၁၅၀၀/-) ၊ ပဲထောပတ်(၂၃၀၀/-) မတ်ပဲ (၅၀၀/-) ကျပ် စျေးကျ ကာ ကျန် ပဲမျိုးစုံ စျေး များ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၂၀-၂-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၀၀/-) ကျပ်စျေးတက်ကာ မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၀.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၅၀/-) ကျပ်စျေးကျပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၀.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူ ကုန်စည်ဒိုင်တွင် ယခင် ( ၂၀-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက စမုံနက်(ရှယ်) (၁၀၀၀/-) ၊ပဲဇီးကွက်(၂၀၀/-)၊ကျပ်စျေးတက်ပြီး ပဲစဉ်းငုံ 2020(၁၂၀၀/-) ၊ ကုလားပဲ (929)(၁၂၀၀/)ကျပ်စျေးကျကာကျန်ပဲမျိုးစုံနှင့်နှမ်းစျေးများအပြောင်းအလဲမရှိဘဲနှမ်း(၄၅၀)အိတ်နှင့် ပဲမျိုးစုံ(၇၂၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြို ကုန်စည်ဒိုင်တွင် ယခင် ( ၂၀-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက မတ်ပဲ(၂၀၀၀/-)၊ ပဲပုတ်(၅၀၀/-) စားအုန်းဆီ(၇၀/-) ကျပ် စျေးတက်ပြီး ၊ပဲလွန်းပြာ(၅၀၀/-) ကုလားပဲ (HL)(၁၀၀၀/-) ကုလားပဲ (929)(၁၂၀၀/-) ၊ကုလားပဲ (V2)(၁၀၀၀/)၊ထောပတ်ဖြူ(၅၀၀/) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံနှင့်နှမ်းစျေးများ အပြောင်းအလဲမရှိဘဲစီပီပြောင်း(၅၀၀)အိတ်အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။