မကွေးကုန်စည်ဒိုင်အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်( ၂၁-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်စမုံ(၅၀၀၀/-)၊ဂွနက် (၅၀၀၀/) ၊ နှမ်းဖြူ(၂၀၀၀/-)(၁၀၀၀/-) ၊နှမ်းဖြူ-ရေသွင်း(၅၀၀၀/-)(၄၀၀၀/-) ၊ နှမ်းညိုကြား (၃၀၀၀/-) ကျပ် စျေးတက်ပြီး အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၉၀၀ မှ ၁၁၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၂၁-၂-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး (၅၀၀/-)၊ ပဲကြီးမဲ (၁၅၀၀/-) ၊စားတော်ပဲ(၅၀၀/-) ကျပ် စျေးတက်ပြီး ပဲစဉ်းငုံ(ဟောင်း) (၁၀၀၀/-) ပဲစဉ်းငုံ (သစ်)(ဟောင်း) (၁၀၀၀/-)၊ ကုလားပဲ (929) ( ၂၀၀၀/- )၊ ကုလားပဲ (HL) (၁၅၀၀/- ) ၊ ကုလားပဲသေး(၁၅၀၀/-) ၊ ပဲထောပတ်(၂၁၀၀/-) မတ်ပဲ (၅၀၀/-) ကျပ် စျေးကျ ကာ ကျန် ပဲမျိုးစုံ စျေး များ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၂၁-၂-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၀၀/-) ကျပ်စျေးတက်ပြီး မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၁.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၅၀/-) ကျပ်စျေးကျပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၂၁.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူ ကုန်စည်ဒိုင်တွင် ယခင် ( ၂၁-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲဇီးကွက်(၂၀၀/-)၊ကျပ်စျေးတက်ပြီး ပဲစဉ်းငုံ2020(၈၀၀/-)ကျပ် စျေး ကျကာကျန် ပဲမျိုးစုံနှင့် နှမ်းစျေးများ အပြောင်းအလဲမရှိဘဲနှမ်း(၁၀၀)အိတ်နှင့် ပဲမျိုးစုံ(၄၅၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြို ကုန်စည်ဒိုင်တွင် ယခင် ( ၂၁-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ၊ ပဲပုတ်(၅၀၀/-) စားအုန်းဆီ(၄၀/-)၊မြေပဲဆံနီလုံးဆံ(၂၀၀/-) ၊မြေပဲဆံs1ဖြူလုံးဆံ(၁၀၀/-) ကျပ် စျေးတက်ပြီး ၊ပဲလွန်းပြာ(၅၀၀/-) ကုလားပဲ (HL)(၁၀၀၀/-) ကုလားပဲ (929)(၁၂၀၀/-) ၊ကုလားပဲ (V2)(၁၀၀၀/)၊ထောပတ်ဖြူ(၁၀၀၀/) ကျပ် မတ်ပဲ(၁၀၀၀/-) စျေးကျကာ ကျန်ပဲမျိုးစုံနှင့် နှမ်းစျေးများ အပြောင်းအလဲမရှိ စျေးနှုန်းသာရှိ၍ အရောင်းအဝယ်မဖြစ်ပါ။