၁၀-၂-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင် ( ၃-၂-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၂၀၀၀၀/-)၊ ဂွနက်ရိုးရိုး(၃၀၀၀၀/-)၊နှမ်းဖြူ(၇၀၀၀/-)(၅၀၀၀/-)၊နှမ်းဖြူ(ရေသွင်း)(၁၀၀၀၀/-)(၁၂၀၀၀/-)၊ နှမ်းနီ (၁၉၀၀၀/-) ၊ နှမ်းညိုကြား (၁၇၀၀၀/-) ကျပ် စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၈၀၀ မှ ၁၂၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာယခင် (၃-၂-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲနောက်သေး( ၁၀၀၀/- )ကျပ် စျေးတက်ပြီး ပဲလွန်း (ဝါ)သေး(၂၀၀၀/-)၊ ကုလားပဲ (929) ( ၁၈၀၀/- ) ၊ ကုလားပဲ (HL) ( ၁၀၀၀/-) ပဲထောပတ် (၄၃၀၀/-)၊ ပဲစဉ်းငုံ (သစ်) (၁၉၀၀/-)၊ ပဲစဉ်းငုံ (ဟောင်း) (၁၅၀၀/-) ၊ မတ်ပဲ(၅၀၀/-) စားတော်ပဲ(၅၀၀/-)ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင် ( ၃-၂-၂၀၂၀ ) ရက်စျေးနှုန်း ထက် မြေပဲလုံးဆံနီ(လိုင်း) (၃၀၀/) ၊ မြေပဲလုံးဆံဖြူ(လိုင်း)(၇၅/-)ကျပ် စျေးကျကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၃.၂.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၃.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း) ၊ပေါ်ဆန်းမွှေးဖျာပုံ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူကုန်စည်ဒိုင် တွင် ယခင် ( ၃-၂-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက နှမ်းဆီသန့်(၅၀၀/-) ၊ ပဲစဉ်းငုံ 2020 (၁၆၀၀/-)၊ ပဲလွန်းပြာသစ်(၂၂၀၀/-) ကျပ် စျေး ကျပြီး ၊ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ နှမ်း မျိုးစုံ (၁၀၀) အိတ်၊ ပဲမျိုးစုံ(၁၅၀)အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၃-၂-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါကစားအုန်းဆီ (၈၀/-)၊ မြေပဲလုံးဆံ(နီ/ဖြူ) (၂၀၀/-)စီ ၊မတ်ပဲ(၂၀၀၀/-) ပဲပုတ် (၁၅၀၀/-) ၊ ပြောင်းဖူးစေ့( CP ) (၃၀၀/-)ကျပ် စျေးကျပြီး ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေး များအပြောင်း အလဲမရှိဘဲ ပြောင်းဖူးစေ့( CP ) (၁၀၀၀)အိတ် အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။