ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏(၁၁-၂-၂၀၂၀)ရက်နေ့ကုန်စျေးနှုန်းနှင့်အပတ်စဉ် ကာလတူနှိုင်းယှဉ်ချက်

Last Updated:

၁၁-၂-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင် ( --၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၁၀၀၀၀/-)၊ ဂွနက်ရိုးရိုး(၃၀၀၀၀/-)၊နှမ်းဖြူ(၂၀၀၀/-)၊နှမ်းဖြူ(ရေသွင်း)(၃၀၀၀/-)(၅၀၀၀/-)၊ နှမ်းနီ (၁၂၀၀၀/-) ၊ နှမ်းညိုကြား  (၁၂၀၀၀/-) ကျပ်    စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၅၀၀ မှ ၈၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာယခင် (--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ကုလားပဲ (929) ( ၁၈၀၀/- )  ၊  ကုလားပဲ    (HL) ( ၁၀၀၀/-)   ၊ ပဲစဉ်းငုံ (သစ်) (၁၂၀၀/-) ၊   ပဲစဉ်းငုံ (ဟောင်း) (၅၀၀/-)  ၊   မတ်ပဲ (၁၅၀၀/-) ၊     စားတော်ပဲ(၅၀၀/-)ကျပ် စျေးကျကာ   ကျန်ပဲမျိုးစုံစျေးများ   အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််    ယခင် ( --၂၀၂၀ ) ရက်စျေးနှုန်း ထက် မြေပဲလုံးဆံနီ(လိုင်း) (၃၀၀/) ၊ မြေပဲလုံးဆံဖြူ(လိုင်း)(၇၅/-)ကျပ် စျေးကျကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀၀/)ကျပ် စျေးကျကာ မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၄.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း) ၊ပေါ်ဆန်းမွှေးဖျာပုံ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ပခုက္ကူကုန်စည်ဒိုင်  တွင်    ယခင် (   --၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက                ပဲဆီသန့်(၃၀၀/-) ၊  စမုံနက်ပုံမှန်(၃၀၀၀/-)၊ ပဲစဉ်းငုံ 2020   (၇၀၀/-)၊ ကုလားပဲ(929)(၁၃၀၀/-) ကျပ် စျေး ကျပြီး ၊     ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ နှမ်း မျိုးစုံ (၅၀) အိတ်၊  ပဲမျိုးစုံ(၂၀၀)အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

             ရေစကြိုကုန်စည်ဒိုင်တွင်    ယခင် (--၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါကစားအုန်းဆီ (၁၀/-)ကျပ်စျေးတက်ပြီး မြေပဲလုံးဆံ(နီ) (၁၀၀/-) ၊    မတ်ပဲ(၃၀၀၀/-)၊ ကုလားပဲ(HL)(၁၅၀၀/-)၊ ကုလားပဲ(929) (၁၅၀၀/-) ၊  ကုလားပဲ(V2) (၁၅၀၀/-)၊ ပဲပုတ်   (၁၅၀၀/-)  ၊ ပြောင်းဖူးစေ့( CP ) (၂၀၀/-)ကျပ် စျေးကျပြီး ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေး များအပြောင်း အလဲမရှိဘဲ  ပြောင်းဖူးစေ့( CP ) (၇၀၀)အိတ် အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။