၆-၂-၂၀၂၀ ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ ရေစကြိုကုန်စည်တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊
မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင် ( ၃၀-၁-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၁၀၀၀၀/-)၊ ဂွနက်ရိုးရိုး(၁၀၀၀၀/-)၊နှမ်းဖြူ(၇၀၀၀/-)(၅၀၀၀/-)၊နှမ်းဖြူ(ရေသွင်း)(၁၀၀၀၀/-)(၁၂၀၀၀/-)၊ နှမ်းနီ (၇၀၀၀/-)၊ နှမ်းညိုကြား (၅၀၀၀/-) ကျပ် စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၀၅၀ မှ ၁၈၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာယခင် (၃၀-၁-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၁၀၀၀/-)၊ ပဲလွန်း (ဝါ)သေး(၅၀၀/-)၊ ကုလားပဲ (929) ( ၂၀၀/- ) ၊ ကုလားပဲသေး( ၅၀၀/- )ပဲထောပတ် (၄၃၀၀/-)၊ ပဲစဉ်းငုံ (သစ်) (၂၁၀၀/-)၊ ပဲစဉ်းငုံ (ဟောင်း) (၂၀၀၀/-) ၊မတ်ပဲ(၁၀၀၀/-) စားတော်ပဲ(၅၀၀/-)ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင် ( ၃၀-၁-၂၀၂၀ ) ရက်စျေးနှုန်း ထက် မြေပဲလုံးဆံနီ(လိုင်း) (၆၀၀/) ၊မြေပဲလုံးဆံဖြူ(လိုင်း)(၂၀၀/-)ကျပ်စျေးကျကာ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ ( ၃၀.၁.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ ၊မြေပဲဆီ၊နှမ်းဆီစျေးအပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။
ဆန်
မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၃၀.၁.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(အဟောင်း) ၊ပေါ်ဆန်းမွှေးဖျာပုံ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။
ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ပခုက္ကူကုန်စည်ဒိုင် တွင် ယခင် ( ၃၀-၁-၂၀၂၀ ) ရက် စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲစဉ်းငုံ 2020 (၂၀၀၀/-) ကျပ် စျေး ကျပြီး ၊ ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေးများ အပြောင်းအလဲမရှိဘဲ နှမ်းမျိုးစုံ (၁၀၀) အိတ်၊ ပဲမျိုးစုံ(၂၀၀)အိတ် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင်တွင် ယခင် (၃၀-၁-၂၀၂၀) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါကစားအုန်းဆီ (၁၀၀/-)၊ မြေပဲဖြူလုံးဆံ(၁၀၀/-)၊မတ်ပဲ(၂၀၀၀/-)၊ပဲလွန်ပြာ(၃၅၀၀/-) ၊ကုလားပဲ (HL) ( ၅၀၀/- ) ၊ကုလားပဲ (929) ( ၅၀၀/- )၊ ကုလားပဲ (V2) ( ၅၀၀/- ) ၊ ပဲပုတ်(၁၅၀၀/-)၊ ကျပ် စျေးကျပြီး ကျန်ပဲမျိုးစုံ နှင့်နှမ်းစျေး များအပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ် လျက်ရှိပါသည်။