မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၇-၈-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဂွနက်(စမုံ)(၁၅ဝဝဝိ/-)၊ နှမ်းဖြူ (ရေသွင်း)(၃၀၀၀ိ/-)ကျပ်စျေးကျကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၄၀၀ မှ ၅၅၀)ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင်(၇-၈-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(929)(၂၅ဝိ/-)၊ ကုလားပဲ(HL)(၁ဝဝိ/-)ကျပ်ဈေးတက်ကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်(၇-၈-၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဈေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၇.၈.၂၀၂၀)ရက်နေ့နှင့် နှိုင်းယှဉ်ပါက၊ နှမ်းဆီ၊ ပဲဆီ၊ နှင့်စားအုန်းဆီစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက် ရှိပါ သည်။
ဆန်
ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၇.၈.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းမွှေး(ဖျာပုံ)သစ်၊ ပေါ်ဆန်းမွှေး(ရွှေဘို)သစ်၊ ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း)တို့မှာ စျေး အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်