မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၁၀-၇-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းနက်(စမုံ)သစ်ရေဆင်း(၁၀၀၀၀/-) ၊ နှမ်းဖြူ (၅၀၀၀/-) (၁၀၀၀၀/-) ၊နှမ်းဖြူရေသွင်း (၄၀၀၀/-) (၈၀၀၀/-)၊နှမ်းနီ(၅၀၀၀/-) ၊နှမ်းညိုကြား (၃၀၀၀/-) စျေးတက်ကာ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၃၅၀ မှ ၅၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၀-၇-၂၀၂၀) ရက် နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ကုလားပဲ(929)(၁၀၀/) ၊ကုလားပဲသေး(၃၀၀/-)၊ မတ်ပဲ (၅၀၀/-) ၊ပဲစဉ်းငုံသစ်(၅၀၀/-)ကျပ် စျေးကျကာ ပဲတီစိမ်း(၂၀၀၀/-)၊ ပဲထောပတ် (၅၀၀/-)ကျပ် စျေးတက်ပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်(၁၀-၇-၂၀၂၀)ရက် စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ(လိုင်း) (၁၅၀/)၊မြေပဲလုံးဆံဖြူ(လုပ်ငန်းသုံး)(၁၀၀/)ကျပ်စျေးကျကာအရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ(၁၀.၇.၂၀၂၀) ရက်နေ့နှင့် နှိုင်းယှဉ်ပါက စားအုန်းဆီ ၊ (၈၀/-)ကျပ်စျေးတက်ပြီးနှမ်းဆီ ၊မြေပဲဆီ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။
ဆန်
ဆန်စျေးအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၀.၇.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း)(၁၅၀၀/-) ၊ ပေါ်ဆန်းမွေး(ဖျာပုံ)(၁၀၀၀/-)ကျပ်စျေးတက်ကာ၊ ပေါ်ဆန်းမွေး(ရွှေဘို) ဆန်စျေး အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။