မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၁၆-၇-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းနက်(စမုံ)သစ်ရေဆင်း(၁၀၀၀၀/-) ၊ ဂွနက်ရိုးရိုး(၅၀၀၀/-)၊ နှမ်းဖြူ(မကွေး) (၂၀၀၀/-) (၈၀၀၀/-) ၊နှမ်းဖြူရေသွင်း (၅၀၀၀/-) (၈၀၀၀/)၊ နှမ်းနီ(၁၀၀၀၀/-) ၊နှမ်းညိုကြား (၅၀၀၀/-) စျေးတက်ကာ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၅၅၀ မှ ၇၀၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၁၆-၇-၂၀၂၀) ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း(၂၀၀၀/-)၊ ကုလားပဲ(929) (၁၀၀/) ၊ ကုလားပဲ(HL) (၂၀၀/) ၊ ပဲထောပတ် (၇၀၀/) ၊ ပဲစဉ်းငုံသစ် (၇၀၀/-) ၊ ပဲစဉ်းငုံဟောင်း (၅၀၀/-)၊ မတ်ပဲ (၅၀၀/-)၊ စားတော်ပဲ(၁၀၀၀/-) ကျပ် စျေးတက်ပြီး ကျန်ပဲမျိုးစုံ စျေးများ အပြောင်း အလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်(၁၆-၇-၂၀၂၀)ရက် စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ(၁၆.၇.၂၀၂၀) ရက်နေ့နှင့် နှိုင်းယှဉ်ပါက စားအုန်းဆီ ၊ ( ၁၈၀/-)ကျပ်စျေးတက်ပြီးနှမ်းဆီ ၊မြေပဲဆီ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။
ဆန်
ဆန်စျေးအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၁၆.၇.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း)(၁၀၀၀/-) ၊ ပေါ်ဆန်းမွေး(ဖျာပုံ)(၁၀၀၀/-)ကျပ်စျေးတက်ကာ၊ ပေါ်ဆန်းမွေး(ရွှေဘို) (၂၀၀၀/-)ကျပ်စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။