မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၂၀-၈-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းဂွနက်(ရိုးရိုး)(၅ဝဝဝိ/-)၊ နှမ်းဖြူ (မကွေး)(၁ဝဝဝိ/-)၊ နှမ်းဖြူ(ရေသွင်း)(၂၀၀၀ိ/-)၊ နှမ်းညိုကြား(၁ဝဝဝိ/-)ကျပ်၊ နှမ်းနီ(၅ဝဝဝိ/-)၊ နှမ်းညိုကြား(၁ဝဝဝိ/-)ကျပ်စီစျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက်( ၅၀၀ မှ ၆၅၀ )ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင်(၂၀-၈-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(929)(၁၅ဝိ/-)၊ ကုလားပဲ(HL)(၁ဝဝိ/-)၊ ပဲစဉ်းငုံနီ(ဟောင်း)(၁၁ဝဝိ/-)ကျပ်စီ ဈေးကျကာ ပဲစဉ်းငုံနီ(သစ်)(၃ဝဝိ/-)၊ စားတော်ပဲ(၇ဝဝဝိ/-)ကျပ်စီ ဈေးတက်ပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင်(၂၀-၈-၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲတောင့်မျိုး(နီ) (၁ဝဝဝိ/-)နှင့် မြေပဲဆံဖြူ(လုပ်ငန်းသုံး)(၂ဝဝိ/-)ကျပ်စီ ဈေးကျကာ ကျန်ဈေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၂၀.၈.၂၀၂၀)ရက်နေ့နှင့် နှိုင်းယှဉ်ပါက နှမ်းဆီ (၈၀၀ိ/-)၊ မြေပဲဆီ(၅ဝဝိ/-)၊ စားအုန်းဆီ(၂၀ိ/-)ကျပ်စီစျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိ ပါသည်။
ဆန်
ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၂၀.၈.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းမွှေး(ရွှေဘို)(သစ်)(၄ဝဝဝိ/-)ကျပ်ဈေးတက်ပြီး ကျန်ဆန်ဈေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။