မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၂၁-၇-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းနက်(စမုံ)သစ်ရေဆင်း(၁၀၀၀၀/-) ၊ နှမ်းဖြူ(မကွေး) (၇၀၀၀/-) (၃၀၀၀/-) ၊နှမ်းဖြူရေသွင်း (၅၀၀၀/-) (၃၀၀၀/)၊ နှမ်းနီ(၁၂၀၀၀/-) ၊နှမ်းညိုကြား (၆၀၀၀/-) စျေးတက်ကာ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၄၀၀ မှ ၆၀၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၂၁-၇-၂၀၂၀) ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ၊ ပဲစဉ်းငုံသစ် (၂၀၀/) ကျပ် စျေးကျကာ ကုလားပဲ (929) (၂၀၀/) ၊ ကုလားပဲ (HL) (၁၀၀/) ၊ ပဲစဉ်းငုံဟောင်း (၅၀၀/-)၊ စားတော်ပဲ(၁၀၀၀/-) ကျပ် စျေးတက်ပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်(၂၁-၇-၂၀၂၀)ရက် စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ(၂၁.၇.၂၀၂၀) ရက်နေ့နှင့် နှိုင်းယှဉ်ပါက ၊မြေပဲဆီ (၄၀၀/-)၊ စားအုန်းဆီ ( ၁၂၀/-)ကျပ်စျေးတက်ပြီးနှမ်းဆီစျေး အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။
ဆန်
ဆန်စျေးအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၁.၇.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း)(၁၀၀၀/-) ၊ ပေါ်ဆန်းမွေး(ဖျာပုံ)(၁၀၀၀/-)ကျပ်စျေးတက်ကာ၊ ပေါ်ဆန်းမွေး(ရွှေဘို) (၂၀၀၀/-)ကျပ်စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။