ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့် (၂၈-၈-၂၀၂၀)ရက်နေ့ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၂၁--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၃ဝဝဝိ/-)၊ နှမ်းဖြူ (မကွေး)(၂ဝဝဝိ/-)(၅ဝဝဝိ/-)၊ နှမ်းဖြူ(ရေသွင်း)(၄၀၀၀ိ/-)(၇ဝဝဝိ/-)၊ နှမ်းနီ(၂ဝဝဝိ/-) နှမ်းညိုကြား (၉ဝဝဝိ/-)ကျပ်စီစျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက်( ၅၅၀ မှ ၇၀၀ )ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင်(၂၁--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲတီစိမ်း (၁ဝဝဝိ/-)၊ ကုလားပဲ (929)(၁၀ဝိ/-)၊ ကုလားပဲ(HL)(၁ဝဝိ/-)၊ ပဲစဉ်းငုံနီ(ဟောင်း)(၁၁ဝဝိ/-)ကျပ်စီဈေးကျကာ ပဲစဉ်းငုံနီ(သစ်) (၅ဝဝိ/-)၊ စားတော်ပဲ(၇ဝဝဝိ/-)ကျပ်စီ ဈေးတက်ပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့်် ယခင်(၂၁--၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲတောင့်မျိုးနှင့် မြေပဲဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၂၁..၂၀၂၀)ရက်နေ့နှင့် နှိုင်းယှဉ်ပါက နှမ်းဆီ (၈၀၀ိ/-)၊ မြေပဲဆီ(၅ဝဝိ/-)၊ စားအုန်းဆီ(၂၀ိ/-)ကျပ်စီစျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိ ပါသည်။

 

ဆန်

          ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၂၁..၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ပေါ်ဆန်းမွှေး(ရွှေဘို)(သစ်)(၄ဝဝဝိ/-)ကျပ်ဈေးတက်ပြီး ကျန်ဆန်ဈေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။