မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၂၃-၇-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းနက်(စမုံ)သစ်ရေဆင်း(၅၀၀၀/-) ၊ နှမ်းဖြူရေသွင်း (၃၀၀၀/)၊ နှမ်းနီ(၂၀၀၀/-) ၊နှမ်းညိုကြား (၁၀၀၀/-) စျေးတက်ကာ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၄၀၀ မှ ၆၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၂၃-၇-၂၀၂၀)ရက်နေ့ စျေးနှုန်း နှင့်နှိုင်းယှဉ်ပါက ၊ ကုလားပဲ (HL) (၂၀၀/)၊ ပဲစဉ်းငုံသစ် (၄၀၀/) ကျပ် စျေးကျကာပဲတီစိမ်း(၅၀၀/-)၊ ကုလားပဲ (929) (၁၀၀/)၊ ကျပ် စျေးတက် ပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်(၂၃-၇-၂၀၂၀)ရက် စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ(၂၃.၇.၂၀၂၀) ရက်နေ့နှင့် နှိုင်းယှဉ်ပါက ၊မြေပဲဆီ (၄၀၀/-)၊ စားအုန်းဆီ ( ၂၀/-)ကျပ်စျေးတက်ပြီးနှမ်းဆီစျေး အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။
ဆန်
ဆန်စျေးအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၃.၇.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း) ၊ ပေါ်ဆန်းမွေး(ဖျာပုံ) ၊ပေါ်ဆန်းမွေး(ရွှေဘို) တို့စျေးအပြောင်း အလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။