မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၂၈-၇-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)သစ်ရေဆင်း(၅၀၀၀/-)၊ စျေးကျပြီးနှမ်းဖြူရေသွင်း (၇၀၀၀/)စျေးတက်ကာ အရောင်း အဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၃၅၀ မှ ၅၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၂၈-၇-၂၀၂၀)ရက်နေ့ စျေးနှုန်း နှင့်နှိုင်းယှဉ်ပါက ကုလားပဲ (929) (၁၀၀/)၊ ၊ ကုလားပဲ (HL) (၁၀၀/) ကျပ် စျေးကျကာပဲတီစိမ်း(၅၀၀/-) ကျပ် စျေးတက်ပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်(၂၈-၇-၂၀၂၀)ရက် စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက မြေပဲလုံးဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ(၂၈.၇.၂၀၂၀) ရက်နေ့နှင့် နှိုင်းယှဉ်ပါက ၊နှမ်းဆီ (၃၀၀/-)စျေးတက်ပြီး စားအုန်းဆီ(၂၀/-)ကျပ်စျေးကျကာမြေပဲဆီစျေး အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။
ဆန်
ဆန်စျေးအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၈.၇.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း) ၊ ပေါ်ဆန်းမွေး(ဖျာပုံ) ၊ပေါ်ဆန်းမွေး(ရွှေဘို) တို့စျေးအပြောင်း အလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။