ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့် (၆-၈-၂၀၂၀)ရက်နေ့ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၃၀--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)သစ်ရေဆင်း(၅ဝဝဝိ/-)၊  စျေးကျပြီး နှမ်းဖြူရေသွင်း (၄ဝဝဝိ/-)စျေးတက်ကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက်(၃၅၀ မှ ၆၀၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင်( ၃၀--၂၀၂၀)ရက်နေ့ စျေးနှုန်း နှင့်နှိုင်းယှဉ်ပါက  ပဲတီစိမ်း(၅ဝဝိ/-)၊ ကုလားပဲ(HL)(၁ဝဝိ/-)၊ ပဲစဉ်းငုံနီ(ဟောင်း)(၃ဝဝိ/-)၊ မတ်ပဲ(၅ဝဝိ/-)ကျပ်စျေးတက်ပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲအရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်(၃၀--၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၃၀..၂၀၂၀)ရက်နေ့နှင့် နှိုင်းယှဉ်ပါက၊ နှမ်းဆီ (၃ဝဝိ/-)စျေးတက်ပြီး စားအုန်းဆီ(၂ဝိ/-)ကျပ်စျေးကျကာမြေပဲဆီစျေး အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။

 

ဆန်

          ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၃၀..၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း) ၊ ပေါ်ဆန်းမွေး(ဖျာပုံ) ၊ပေါ်ဆန်းမွေး(ရွှေဘို)တို့ စျေးအပြောင်း အလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။