မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၃၁-၈-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၅ဝဝဝိ/-)၊ နှမ်းဖြူ (မကွေး)(၅ဝဝဝိ/-)(၆ဝဝဝိ/-)၊ နှမ်းဖြူ(ရေသွင်း) (၁၃၀၀၀ိ/-)၊ နှမ်းနီ(၃ဝဝဝိ/-)၊ နှမ်းညိုကြား(၅ဝဝိ/-) ကျပ်စီစျေးကျကာ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။ မကွေးမြို့ပေါ်တွင် နှမ်းမျိုးစုံအရောင်း အဝယ်ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် ( ၆၀၀ မှ ၇၅၀ )ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင်(၃၁-၈-၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲ(929)(၂၀ဝိ/-)၊ ကုလားပဲ (HL)(၆ဝဝိ/-)၊ ပဲစဉ်းငုံ(သစ်)(၃၀၀ိ/-)၊ ပဲစဉ်းငုံ(ဟောင်း)(၈၀၀ိ/-)ကျပ်စီဈေးတက်ကာ ပဲထောပတ် (၅ဝဝိ/-)၊ မတ်ပဲ(၂၀၀ဝိ/-)ကျပ်စီဈေးကျပြီး ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့်် ယခင်(၃၁-၈-၂၀၂၀)ရက် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက မြေပဲလုံးဆံဖြူ(လိုင်း) (၁ဝဝိ/-)ကျပ်ဈေးကျကာ ကျန်မြေပဲဆံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျက်ရှိ ပါသည်။
ဆီ
ဆီအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၃၁.၈.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက နှမ်းဆီ (၈ဝဝိ/-)ကျပ်ဈေးကျကာ စားအုန်းဆီ(၄ဝိ/-)ကျပ် ဈေးတက်ပြီး ပဲဆီဈေးအပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။
ဆန်
ဆန်စျေးအနေဖြင့်် မကွေးကုန်စည်ဒိုင်စျေးအရ (၃၁.၈.၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာ(ကုန်းဇောင်း)(၂၅ဝဝိ/-)၊ ပေါ်ဆန်းမွှေး(ဖျာပုံ)(၅ဝဝဝိ/-)နှင့် ပေါ်ဆန်းမွှေး(ရွှေဘို) (၁ဝဝဝိ/-)ကျပ်စီ ဈေးတက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။