မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်(၂၀-၅-၂၀၂၀)ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းနက်(စမုံ)(၅၀၀၀/-)၊နှမ်းဖြူ(မကွေး) (၅၀၀၀/-)(၈၀၀၀/-) ၊နှမ်းဖြူ(ရေသွင်း)(၂၀၀၀/-)(၅၀၀၀/-)၊နှမ်းနီ(၅၀၀၀/-)ကျပ် စျေးကျကာ ကျန်နှမ်းစျေးနှုန်းများ အပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၀၀ မှ ၂၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၂၀-၅-၂၀၂၀) ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ကုလားပဲ(929) (၅၀၀/) ကုလားပဲ(HL)(၅၀၀/-)၊ ပဲစဉ်းငုံ(သစ်) (၈၀၀/-)၊ မတ်ပဲ (၁၅၀၀/-)ကျပ်စျေးကျကာ ပဲတီစိမ်း(၄၀၀/-)၊ ပဲထောပတ်(၂၀၀/-)၊ စားတော်ပဲ (၅၀၀/) ကျပ်စျေးတက်ပြီးကျန်ပဲမျိုးစုံစျေးများအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၂၀-၅-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံဖြူ(လိုင်း)(၁၀၀/-) ၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)(၂၀၀/-)၊ မြေပဲလုံးဆံနီ (လိုင်း)(၁၀၀/-)ကျပ်စျေးကျကာ၊ မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၀.၅.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၁၀/-) ကျပ်စျေးကျပြီး နှမ်းဆီ၊မြေပဲဆီ စျေး အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။