ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီး၊မကွေးကုန်စည်ဒိုင်မှယခင်တစ်ပတ်နှင့်(၆-၇-၂၀၂၀)ရက်နေ့ကာလတူစျေးနှုန်းနှိုင်းယှဉ်ချက်

Last Updated:

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်(၂၉--၂၀၂၀)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါကနှမ်းနက်(စမုံ)သစ်ရေဆင်း(၅၀၀၀/-) နှမ်းဂွနက်/ရိုးရိုး (၁၀၀၀၀/-) ၊ နှမ်းဖြူ မကွေး (၅၀၀၀/-) ၊ နှမ်းဖြူရေသွင်း(၅၀၀၀/-) ၊  နှမ်းနီ(၉၀၀၀/-)၊ နှမ်းညိုကြား (၁၀၀၀၀/-)ကျပ်စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၃၀၀ မှ ၅၅၀) ဝန်းကျင် အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၂၉--၂၀၂၀) ရက် နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက   စားတော်ပဲ(၂၀၀၀/-) ကျပ်  စျေးတက်ပြီး    ပဲလွန်းဝါ (သေး)  (၁၀၀၀/-) ၊    ကုလားပဲ(929)  (၃၀၀/-) ၊      ကုလားပဲ(HL)  (၄၀၀/)၊   ပဲကြီးမဲ(၉၀၀၀/-) ၊   ပဲထောပတ် (၅၀၀/-)၊ ပဲစဉ်းငုံ (သစ်)  (၁၀၀၀/-)၊ မတ်ပဲ  (၁၀၀၀/) ကျပ်   စျေးကျကာ   ကျန်ပဲမျိုးစုံစျေးများ   အပြောင်းအလဲမရှိဘဲ  အရောင်းအဝယ် ဖြစ်လျက် ရှိပါ သည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၂၉--၂၀၂၀ )ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက   မြေပဲလုံးဆံဖြူ(လိုင်း)၊မြေပဲ လုံးဆံဖြူ (လုပ်ငန်းသုံး)၊  မြေပဲ လုံးဆံနီ (လိုင်း)မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ(၂၉..၂၀၂၀)ရက်နေ့နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၉၀/-)စျေးကျပြီး  နှမ်းဆီ ၊မြေပဲဆီ စျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။

 

ဆန်

          ဆန်စျေးအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၂၉..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်(ကုန်းဇောင်း) ၊ ပေါ်ဆန်းမွေး(ဖျာပုံ)၊ ပေါ်ဆန်းမွေး(ရွှေဘို) ဆန်စျေး အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိပါ သည်။