မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်
နှမ်း
ယခင်( ၈-၅-၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်(စမုံ)(၅၀၀၀/-) ၊ဂွနက်ရိုးရိုး (၁၀၀၀၀/-)၊နှမ်းဖြူ (၂၀၀၀/-) နှမ်းညိုကြား (၂၀၀၀/-)ကျပ် စျေးကျကာ ၊နှမ်းဖြူ (၂၀၀၀/-)၊ နှမ်းနီ (၂၀၀၀/-)ကျပ်စျေးတက်ပြီး ကျန်နှမ်းစျေးနှုန်းများအပြောင်းအလဲမရှိဘဲ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၂၀၀ မှ ၃၅၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။
ပဲမျိုးစုံ
ပဲမျိုးစုံမှာ ယခင် ( ၈-၅-၂၀၂၀ ) ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ကုလာပဲသေး (၅၀၀/-) ၊ ပဲကြီးမဲ (၅၀၀/-) ၊စားတော်ပဲ (၂၀၀၀/-) ကျပ်စျေးတက်ပြီး ကုလားပဲ (929) (၂၀၀/-)၊ ကုလားပဲ (HL) (၃၀၀/-) ၊ ပဲကြီးဖြူ (၃၀၀၀/-) ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက် ရှိပါ သည်။
မြေပဲဆံ
မြေပဲဆံအနေဖြင့််ယခင်( ၈-၅-၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ (လိုင်း) (၅၀/-) စျေးတက်ပြီး မြေပဲလုံးဆံဖြူ(လိုင်း)(၂၀၀/-)ကျပ်စျေးကျကာ ၊မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး) ၊မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။
ဆီ
ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ( ၈.၅.၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါက စားအုန်းဆီ (၇၀/-) ကျပ်စျေးကျပြီး၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။