ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်
ရေစကြိုကုန်စည်ဒိုင် တွင် ယခင် ( ၁၁-၅-၂၀၂၀ )ရက်နေ့ စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက စားအုန်းဆီ (၉၀/-)၊ ပဲဇီးကွက် (၃၀၀/-) ပဲတီစိမ်း(၁၃၀၀/-)၊ ကုလားပဲ (HL) (၅၀၀/-) ၊ ကုလားပဲ (929) (၈၀၀/-)၊ ကုလားပဲ (V2) (၁၀၀၀/-)၊ နှမ်းဖြူသန့်(၃၀၀၀/-)ကျပ်စျေးကျကာ ထောပတ်ဖြူ (၅၀၀/-)၊ စီပီပြောင်း (၈၀၀/-) ကျပ် စျေးတက်၍ ကျန်ပဲမျိုးစုံ နှင့် နှမ်းစျေးများ အပြောင်းအလဲ မရှိဘဲ ပဲတီစိမ်း(၅၀၀)အိတ်၊ စီပီပြောင်း (၁၀၀၀)အိတ် အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။