Local News

မန္တလေးကုန်စည်ဒိုင်တွင်မြေထောက်ပဲဈေးနှုန်းမြင့်တက်နေ

Last Updated:

မန္တလေးကုန်စည်ဒိုင်တွင်မြေထောက်ပဲဈေးနှုန်းမြင့်တက်နေ

ဇွန်လပထမဆုံးပတ်အတွင်းဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့်ဟုမ္မလင်း၊ဗန်းမော်၊ကသာ၊ကလေးဘက်မှလက်ကျန်မြေထောက်ပဲများအနည်းငယ်ဝင်ရောက်လျှက်ရှိပြီး၊အိန္ဒိယနှင့်တရုတ်မှဝယ်ယူနေ၍ဈေးကောင်းရနေပြီးမြေထောက်ပဲသုံးတင်းတစ်အိတ်လျှင်ကျပ်၂၀၀၀၀မှ၄၀၀၀၀ထိဈေးမြင့်တက်လာခဲ့သည်။ 

မြေထောက်ပဲ(နီ)၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၁၆၅၀၀၀မှ၁၉၀၀၀၀ဖြစ်ပြီး၊ယခင်တစ်ပတ်ကျပ်၁၄၅၀၀၀မှ၁၇၀၀၀၀ယခင်လကျပ်၁၄၀၀၀၀မှ၁၅၀၀၀၀ဖြစ်ခဲ့သည်။         ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀၀ယခင်လထက်ကျပ်၂၅၀၀၀မှ၄၀၀၀၀မြင့်တက်လာသည်။                               

မြေထောက်ပဲ(ဖြူ)၅၄ပိဿာဝင်သုံးတင်းတစ်အိတ်ဈေးနှုန်းမှာယခုတစ်ပတ်ကျပ်၁၆၃၀၀၀မှ၁၆၅၀၀၀ဖြစ်ပြီး၊ယခင်တစ်ပတ်ကျပ်၁၆၃၀၀၀ယခင်လကျပ်၁၆၈၀၀၀ဖြစ်ခဲ့သည်။ယခင်တစ်ပတ်ထက်ကျပ်၂၀၀၀မြင့်တက်လာပြီးယခင်လထက် ကျပ် ၃၀၀၀ နိမ့်ကျလာသည်။

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

Category: Local News