Covid-19 ကပ်ရောဂါနှင့် ယင်း၏ အကျိုးဆက်များအား ဖြေရှင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံများအား အကူအညီပေးရန်အတွက် အထောက်အပံ့ အစီအစဉ် တစ်ရပ်အဖြစ် “Team Europe” ကို ဥရောပသမဂ္ဂမှ ကြေညာခဲ့ကြောင်း၊ ယူရို (၂၀) ဘီလီယံကျော် ပါဝင်သည့် အဆိုပါ စီမံချက်သည် အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် (European Investment Bank)၊ ပြန်လည် တည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာဥရောပဘဏ် (European Bank for Reconstruction and Development) ကဲ့သို့သော အရင်းအမြစ်များမှတစ်ဆင့် ရန်ပုံငွေပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါရန်ပုံငွေများကို ကမ္ဘာတစ်ဝန်းသို့ ခွဲဝေချထားပေသွားမည်ဖြစ်ပြီး အထူးသဖြင့် အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဒေသ (MENA region)၊ အနောက်ဘော်လ်ကန် နှင့်အရှေ့ပိုင်းမိတ်ဖက်နိုင်ငံများ၊ အာရှနှင့်ပစိတ်ဖိတ်ဒေသ၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံ ဒေသတို့ရှိ ထိခိုက်မှုအများဆုံးနိုင်ငံများသို့ ရန်ပုံငွေပံ့ပိုးပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါရန်ပုံငွေသည် ထိခိုက်ခံစားရနိုင်ခြေမြင့်မားသည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများ၊ ရွှေ့ပြောင်းသွားလာသူများ၊ ဒုက္ခသည်များ၊ နေရပ်စွန့်ခွာ သူများနှင့် ၎င်းတို့၏ အသိုက်အဝန်းများစသည်တို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ အီးယူသည် ယင်းစီမံချက်မှတစ်ဆင့် Covid-19 ၏ လူမှုစီးပွားဘဝအပေါ်ရိုတ်ခတ်မှုများကို လျော့ပါးသက်သာစေရေးနိုင်ငံများအား အကူအညီပေးရန် ရည်ရွယ်ထားပြီး၊ အထူးသဖြင့် ကပ်ရောဂါကြောင့် စီးပွားရေးက မောက်ကမဖြစ်မှုအခြေအနေမှ SMEs လုပ်ငန်းများ ပြန်လည်နိုးထနိုင်စေရန်ဖြစ်ကြောင်း၊ ထို့ပြင် ၎င်းရန်ပုံငွေပံ့ပိုးမှုအစီအစဉ်သည် သက်ဆိုင်ရာနိုင်ငံများ၏ ကျန်းမာရေးဆိုင်ရာ တုန့်ပြန်ဆောင်ရွက်မှုများကို တိုးတက်အားကောင်းစေရန်အတွက်လည်း ရည်ရွယ်ခြင်းဖြစ်ကြောင်း Neweurope ၏ ၉-၄-၂၀၂၀ နေ့တွင် သတင်းဖော်ပြချက်အရ သိရှိရပါသည်။
(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)
ရင်းမြစ် - (Neweurope)