Local News

မုံရွာ ကြက်သွန်နီ အရောင်းအဝယ်ပုံမှန်ဖြစ်

Last Updated:

မုံရွာ ကြက်သွန်နီ အရောင်းအဝယ်ပုံမှန်ဖြစ်

       ဩဂုတ်လ ပထမပတ်အတွင်း  မုံရွာ စားဖိုဆောင်သီးနှံဖြစ်သော  ကြက်သွန်နီများ  ဝင်သလောက်အရောင်းအဝယ်ဖြစ်လျှက် ဒေသတွင်းဝယ်လို အားများလည်းရှိနေပါသည်။ မုံရွာပွဲရုံသို့ နေ့စဉ်ဝင်ရောက်မှုမှာ ပိဿာချိန် (၃၅၀၀၀)ကျော် ဝင်ရောက်လျှက်ရှိပြီး  ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှောက် တင်ပို့ရောင်းဝယ်လျှက်ရှိကြောင်းသိရသည်။

        ယခုတစ်ပတ်အတွင်း ပွဲရုံများတွင် ကြက်သွန်နီ လက်ကား တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ (ကြီး) (၂၀၀၀)ကျပ်၊ (လတ်) ၁၉၀၀ကျပ်၊(သေး) ၁၆၅၀ကျပ်နှုန်းဖြင့်ရောင်းဝယ်လျှက်ရှိပြီး၊ လက်လီ တစ်ပိဿာ ပေါက်ဈေးနှုန်းမှာ (ကြီး) (၂၃၀၀)ကျပ်၊(လတ်) (၂၂၀၀)ကျပ်၊(သေး) ၁၈၀၀ကျပ်နှုန်းဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်နေပါသည်။ ကြက်သွန်ဖြူဈေးကွက်မှာ လက်ကား တစ်ပိဿာလျှင် ဗမာ (၂၉၀၀-၃၂၀၀)ကျပ်၊ ရှမ်းစ (၃၀၀၀-၃၅၀၀) ကျပ်၊ ကြူကုတ် တစ်ပိဿာလျှင် ၅၀၀၀ ကျပ်နှုန်းရှိပြီး၊ ကြက်သွန်ဖြူ လက်လီဈေးမှာ ဗမာ (၃၅၀၀-၄၀၀၀)ကျပ်၊ ရှမ်းစ (၃၅၀၀-၄၀၀၀)ကျပ်၊ ကြူကုတ် (၅၅၀၀) ကျပ်နှုန်းဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News