Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် နှိုင်းယှဉ်ချက်အခြေအနေ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ် တစ်တင်းလျှင် နှမ်းဖြူ (၇၈၀၀၀-၈၁၀၀၀)ကျပ်၊နှမ်းနက် (၆၈၀၀၀-၈၁၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၆၉၀၀၀) ကျပ်၊ နှမ်းနီ တစ်တင်းလျှင် (၆၉၀၀၀)ကျပ်၊နှမ်းဝါ တစ်တင်းလျှင် (၆၈၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၇၇၀၀၀-၈၁၀၀၀)၊ နှမ်းနက် တစ်တင်းလျှင်(၆၅၀၀၀-၈၀၀၀၀) ကျပ်၊ နှမ်းညို တစ်တင်း လျှင် (၆၈၀၀၀) ကျပ်၊ နှမ်းနီ/ဝါ တစ်တင်းလျှင် (၆၈၀၀၀)ကျပ် ပေါက်ဈေးရှိပြီး  ယခု တစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက နှမ်းမျိုးစုံ ဈေးများ အနည်းငယ်မြင့်တက်လာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၀၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၇၀၀)ကျပ်ရှိပြီး ယခင်တစ် ပတ်ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၀၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၇၀၀-၄၅၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ ယခုတစ်ပတ်နှင့် ယခင်ကာလ တူနှိုင်းယှဉ်ပါက မြေပဲလုံးဆံဈေးများ ဈေးငြိမ်နေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News