Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်မှုအခြေအနေ

Last Updated:

ဂျုံ

ယခုတစ်ပတ်အတွင်းမှာ ဂျုံသီးနှံပေါက်ဈေးနှုန်းသည် ဂျုံဖြူသန့် တစ်တင်းလျှင် (၅၁၀၀၀-၅၂၀၀၀) ကျပ်၊ ဂျုံထွက်တိုးတစ်တင်းလျှင် (၅၀၀၀၀) ကျပ် ပေါက်ဈေးရှိပါသည်။ ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းမှာ ဂျုံဖြူသန့် တစ်တင်းလျှင် (၅၀၀၀၀-၄၉၀၀၀) ကျပ်၊ဂျုံထွက်တိုး တစ်တင်း (၄၈၀၀၀) ကျပ်ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးဖြင့် နှိုင်းယှဉ်ပါက ဂျုံဖြူသန့် တစ်တင်းလျှင်(၂၀၀၀)ကျပ်ခန့်နှင့် ဂျုံထွတ်တိုးတစ်တင်းလျှင်(၂၀၀၀)ကျပ်ခန့်ဈေးမြင့်လာကြောင်းသိရပါသည်။

ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၂၂၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၂၀၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက (၂၀၀) ကျပ်တက်လာကြောင်းသိရပါသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၉၀၀၀  ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၈၀၀၀ ကျပ် ရှိပါသည်။ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့် ဈေးတက်လာကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၅၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၆၀၀၀)ကျပ်၊ 929  (၆၁၀၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၅၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၆၆၀၀၀) ကျပ်၊ 929 တစ်တင်းလျှင် (၆၁၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက  ကုလားပဲမျိုးစုံပေါက်ဈေးများမှာ  ဈေးငြိမ်နေကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ

ယခုတစ်ပတ်အတွင်း ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၆၀၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၆၀၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၇၀၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၅၅၀၀) ကျပ်၊ ပြောင်းနီတစ်တင်း (၁၆၀၀၀)ကျပ်၊ ဆန်ပြောင်းဖြူ တစ်တင်း (၁၆၅၀၀)ကျပ် ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပြောင်းဖူးစေ့(စီပီ) တစ်တင်းလျှင် (၅၀၀)ကျပ်နှင့်ဆန်ပြောင်းဖြူ တစ်တင်းလျှင် (၅၀၀)ကျပ်ခန့်မြှင့်တက်လာနေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News