Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲမျိုးစုံဈေးနှုန်းများ နှိုင်းယှဉ်မှု

Last Updated:
ပဲစဉ်းငုံ

ပဲစဉ်းငုံသီးနှံ တစ်တင်းပေါက်ဈေးနှုန်းမှာ (၆၄၀၀၀) ကျပ်နှုန်းဖြစ်ပြီး ယခင်တစ်ပတ်အတွင်း ကာလတူ ပေါက်ဈေးနှုန်းမှာ (၆၇၅၀၀) ကျပ်ရှိ၍   ယခုတစ်ပတ်အတွင်း ကာလတူအချိန်နှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ တစ်တင်းလျှင် (၃၅၀၀)ကျပ် ကျဆင်းသွားကြောင်းသိရသည်။

ပဲတီစိမ်း

ပဲတီစိမ်းပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် (ကြီး)  ၄၈၀၀၀  ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ ပဲတီစိမ်း(ကြီး) တစ်တင်း ၄၉၀၀၀ ကျပ် ရှိပါသည်။ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက တစ်တင်းလျှင် (၁၀၀၀)ကျပ်ခန့် ကျဆင်းသွား ကြောင်းသိရပါသည်။

မတ်ပဲ

မတ်ပဲပေါက်ဈေးနှုန်းမှာ တစ်တင်းလျှင် (၆၀၀၀၀-၆၁၅၀၀) ကျပ်၊ ယခင်တစ်ပတ်အတွင်း ကာလတူအချိန် ပေါက်ဈေးနှုန်းမှာ မတ်ပဲ တစ်တင်းလျှင် (၆၄၀၀၀) ကျပ် ရှိပါသည်။ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက မတ်ပဲ တစ်တင်းလျှင် (၂၅၀၀)ကျပ် ကျဆင်းသွား ကြောင်းသိရပါသည်။

ကုလားပဲ(မျိုးစုံ)

ကုလားပဲမျိုးစုံ တစ်တင်းလျှင် ကုလားပဲဖြူလုံးကြီး (၆၂၀၀၀)ကျပ်၊ ကုလားပဲဖြူလုံးသေး (၆၂၅၀၀)ကျပ်၊ 929  (၅၈၅၀၀) ကျပ်ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းများမှာ ကုလားပဲဖြူလုံးကြီး (၆၄၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး(၆၅၀၀၀) ကျပ်၊ 929 တစ်တင်း လျှင် (၆၁၀၀၀) ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူပေါက်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ကုလားပဲဖြူလုံးကြီး တစ်တင်းလျှင် (၂၀၀၀) ကျပ်၊ ကုလားပဲဖြူလုံးသေး တစ်တင်းလျှင် (၂၅၀၀) ကျပ်၊ 929  တစ်တင်းလျှင် (၂၅၀၀) ကျပ်နှုန်းကျဆင်းလာကြောင်းသိရပါသည်။

ပြောင်းဖူးစေ့(CP)၊ ပြောင်းနီ၊ ဆန်ပြောင်းဖြူ

ယခုတစ်ပတ်အတွင်း ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၇၈၀၀) ကျပ်၊ဆန်ပြောင်းဖြူ တစ်တင်း (၁၈၅၀၀)ကျပ် ပေါက်ဈေးရှိပြီး ယခင်တစ်ပတ်အတွင်း ကာလတူအချိန်တွင် ပြောင်းဖူးစေ့(စီပီ) တစ်တင်း (၁၇၇၀၀) ကျပ်၊  ဆန်ပြောင်းဖြူ တစ်တင်း (၁၈၀၀၀)ကျပ် ရှိ၍ ယခုတစ်ပတ်အတွင်း ကာလတူ အချိန်နှင့်နှိုင်းယှဉ်ပါက ပြောင်းစျေးနှုန်းများ အနည်းငယ်ကျဆင်းနေကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News