Local News

မြစ်ကြီးနားမြို့၏ ရာသီပေါ်သီးနှံ နာနတ်သီး ဈေးကွက်အခြေအနေ

Last Updated:

မြစ်ကြီးနားမြို့နယ်တွင် နာနတ်သီးများစတင်ပေါ်ထွက်လာပြီမို့ စိုက်ပျိုးထုတ်လုပ်သူများ၊ ဝယ်ရောင်းပွဲစားများသာမက ဆက်စပ်လုပ်သားများလည်း ရာသီပေါ် သီးနှံပေါ်ချိန်တွင်  အလုပ်အကိုင်ရရှိပြီးဝင်ငွေရရှိနေကြကြောင်းသိရှိရပါသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၏ ဆင်ခြေဖုံးရပ်ကွက်များ၊ ကျေးရွာများတွင် စိုက်ပျိုးထားကြသော နာနတ်သီးခြံများသည် ဇွန်လ နောက်ဆုံးပတ်တွင် စတင်ဆွတ်ခူးပြီးဈေးကွက်ထဲသို့ တင်ပို့ရန်ဖြစ်လာချိန်တွင် နာနတ်သီးဝယ်ရောင်းများက ခြံပြတ်ဝယ်ယူခြင်း၊ အပုံပြတ်ဝယ်ယူခြင်းများ ပြုလုပ်ကြပြီး သုံးဘီးဆိုင်ကယ်များဖြင့် ဈေးကွက်ရှိရာ မြစ်ကြီးနားမြို့၏ ဈေးများသို့ သယ်ယူရောင်းချနေကြသည်ကို တွေ့ရှိရပါသည်။

နာနတ်သီးဝယ်ရောင်းတစ်ဦး၏ ပြောပြချက်အရ နာနတ်သီး အပုံပြတ်ဝယ်ယူရာတွင် ပျမ်းမျှ (သောင်းပြောင်း) တစ်လုံးလျှင် ၅၀၀ ကျပ် ခန့်ပေးရပြီး အလုံးများကို  အသေး၊ အလတ်၊ အကြီး ခွဲခြားပြီးပြန်လည်ရောင်းချရကြောင်း လက်ရှိအချိန်တွင် အသေးတစ်လုံးကို ၅၀၀ ကျပ်၊ အလတ်တစ်လုံးလျှင်  ၈၀၀ ကျပ်နှင့် အကြီးတစ်လုံးလျှင် ၁၀၀၀ ကျပ် ဈေးဖြင့်ရောင်းချနေကြောင်း အလုံး ၁၅၀ ခန့် တစ်ပုံလျှင် ၇၀၀၀၀ (ခုနှစ်သောင်း)ကျပ်ခန့် အမြတ်အစွန်းရရှိကြောင်း သိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News