ဈေးကွက်ဈေးနှုန်း

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးရန်ပုံငွေ(Myanmar Trade Promotion Fund) တည်ထောင်ရေးနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပပြီးစီးခြင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၉ ရက်နေ့၊ နေ့လည် ၁:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၃)၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေး ခန်းမ၌ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Trade Specialist ဖြစ်သူ Mr. Nguyen Ba Hung ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာကုန်သွယ်မှုမြှင့် တင်ရေးရန်ပုံငွေ(Myanmar Trade Promotion Fund) တည်ထောင် ရေးနှင့် စပ်လျဉ်းသည့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို Online Meeting တစ်ရပ်ကျင်းပပြုလုပ်ပြီး တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာ ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး၊ ဒေါက်တာထိန်လင်း၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ဒေါ်သီတာဝင်းဌေး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်သင်းသင်းနွယ်နှင့် လက်ထောက် ညွှန်ကြားရေးမှူး၊ ဦးထက်အောင်ဝင်းတို့လည်းပါဝင်တက်ရောက်ခဲ့ကြပါသည်။

NES Unit