ဈေးကွက်ဈေးနှုန်း

မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက CBI မှ Mr.Onno Roukens ဦးဆောင်သော အဖွဲ့နှင့်လက်ခံတွေ့ဆုံ

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ နေ့လယ် ၂:၀၀ နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ရုံးခန်းတွင် ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါနှင့်တာဝန်ရှိသူများက CBI မှ Mr.Onno Roukens ဦးဆောင်သော အဖွဲ့နှင့် Home Decoration and Home Textile (HDHT) စီမံကိန်းကို ဆောင်ရွက်နိုင်ရန်အတွက် Letter of Intent-LOI လက်မှတ် ရေးထိုးနိုင်ရေးညှိနှိုင်းအစည်းအဝေးကို Online Meeting ဖြင့် ကျင်းပခဲ့ပါသည်။ အဆိုပါ အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ (NES) ၏ လက်မှုအနုပညာပစ္စည်းကဏ္ဍအောက်တွင် HDHT အား Cluster တစ်ခုအဖြစ် ထည့်သွင်းရေး၊ စီမံကိန်းအတွက် Taskforce များကို ဖွဲ့စည်းပြီး ၎င်းတွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ဝန်ထမ်းများအား ထည့်သွင်းဖွဲ့စည်းရေးနှင့် HDHT ကဏ္ဍအား website တွင် Promote လုပ်နိုင်ရေးစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

NES Unit