Local News

မြန်မာ့လယ်ယာကဏ္ဍဖွွံ့ဖြိုးရေးနှင့် ပို့ကုန်များအား ရုရှားနိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်မည့် အခွင့်အလမ်းကောင်းများ

Last Updated:

မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်မှုများကို မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြန်မာ-ရုရှား နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သော တွေ့ဆုံဆွေးနွေးမှုကို မြန်မာနိုင်ငံဘက်မှ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးတို့က ဦးဆောင်ပြီး Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

 

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ မြန်မာနိုင်ငံမှ ဆန်နှင့် ဆန်ထွက်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ရေး၊ ဆန်စပါးနှင့်ကောက်ပဲသီးနှံများအတွက် ခေတ်မီ သိုလှောင်ရုံများ၊ အခြောက်ခံစက်များ၊ စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အဦကဏ္ဍတွင် ရုရှား နိုင်ငံမှ ခေတ်မီနည်းပညာနှင့် စက်ကိရိယာများကို အသုံးပြုနိုင်ရေးနှင့် ရုရှားနိုင်ငံမှ ဓာတ်မြေသြဇာနှင့်စိုက်ပျိုးရေးသုံးဓာတုပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းအသုံးပြုနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။

 

တွေ့ဆုံဆွေးနွေးချက်များအရ မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးရေးနှင့်ပို့ကုန်များအား ရုရှား နိုင်ငံသို့ တိုးမြှင့်တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ရုရှားနိုင်ငံမှ ပေါင်းဆန်၊ ဆန်၊ ဆန်ကွဲ ဝယ်ယူမည့်အလားအလာရှိသော အဖွဲ့များဖြစ်သည့် Aston Group, Agro-Alliance Holding နှင့် AFG National Agro Holding Group တို့အကြား လက်မှတ်ရေးထိုး ချုပ်ဆိုမည့် Memorandum of Understanding on The Trade of Myanmar parboiled rice and rice products (MoU မူကြမ်း) တစ်ခုကိုလည်းကောင်း၊  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ရုရှားနိုင်ငံမှ ဓာတ်မြေသြဇာထုတ်လုပ်သူများအသင်း Russian Association of Fertilizer Producers တို့အကြား ဓာတ်မြေသြဇာလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘော တူညီမှုရေးထိုးမည့် Letter of Intent on Cooperation in Chemical Fertilizers and Agrochemicals နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ရုရှားနိုင်ငံမှ Russian Grain Union တို့ အကြား လယ်ယာစိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေးအတွက် သဘောတူညီမှု ရေးထိုးမည့်  Letter of Intent on Cooperation in Agricultural Development Initiatives and Projects (LoI မူကြမ်း) နှစ်ခုတို့အားလည်းကောင်း  နှစ်နိုင်ငံသက်ဆိုင်ရာအဖွဲ့အစည်းများအကြား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပြီး မြန်မာ့လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်‌ရေးအတွက် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်တော့မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

                                                                                                                  ဥမ္မာကြူ

                                                                                                                    MITC

Category: Local News