International News

ဝက်ရိုင်းအရေအတွက် များပြားလာခြင်းကြောင့် နယူးဆောက်ဝေးလ်ပြည်နယ်တွင် လယ်သမားများ ကုန်ကျစရိတ်များပြားလျက်ရှိခြင်း

Last Updated:

ဩစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ် အနောက်မြောက်ပိုင်းရှိ ဝက်ရိုင်းများသည် လယ်သမားများအတွက် တစ်နှစ်လျှင် ဒေါ်လာသန်း ၅၀ နီးပါးကုန်ကျစေကြောင်း  စိုက်ပျိုးရေးသုတေသီများက ခန့်မှန်းထားသည်။

လေ့လာမှုတစ်ခုအရ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အကြား (၁၂) လအတွင်း ထိုဒေသတစ်ခုတည်းတွင် ဒေါ်လာ ၄၇ သန်း ဆုံးရှုံးခဲ့ကြောင်း တွေ့ရှိခဲ့သည်။ ပြည်နယ်တစ်ဝှမ်းတွင် မွေးမြူရေးနှင့် ကောက်ပဲသီးနှံတို့အတွက် ပိုးမွှားတိရိစ္ဆာန်များ၏ စီးပွားရေး အကျိုးသက် ရောက်မှုမှာ ဒေါ်လာ ၁၄ သန်းနီးပါးရှိမည်ဟု ခန့်မှန်းထားသည်။ အနောက်မြောက်ဒေသတွင် ဂျုံစိုက်ပျိုးသူများမှာ စုစုပေါင်းဒေါ်လာ သန်း ၂၀ ကျော် ဆုံးရှုံးခဲ့သည်။ ဝက်ရိုင်းများကြောင့် ကောက်ပဲသီးနှံ တန်ချိန် ၇၇,၀၀၀ ခန့်ဆုံးရှုံးခဲ့သည်။ လေ့လာမှု၏ရလဒ်များအရ ဝါစိုက်ပျိုးသူများသည် သီးနှံတန်ဖိုးမြင့်မားမှုကြောင့် သိသိသာသာဆုံးရှုံးမှုများရှိကြောင်း သိရှိရသည်။

ကောင်းမွန်သော ရာသီဥတုအခြေအနေများနှင့် သီးနှံအမြောက်အမြားကြောင့် ဝက်ရိုင်းကောင်အရေအတွက် တိုးပွားလာခဲ့ခြင်းဖြစ် သည်။ မိုးခေါင်ရေရှားကာလအတွင်း ဝက်ရိုင်းကောင်အရေအတွက်မှာ နည်းပါးသော်လည်း နှစ်နှစ်ခန့်မှာ ရာသီဥတုကောင်းမွန်၍ စိုစွတ်သောကြောင့် ပြီးခဲ့သည့် ဆောင်းသီးနှံများထဲတွင် ကောင်ရေတိုးပွားလာခြင်းဖြစ်သည်။ ယခုအခါ ဝက်ရိုင်းကောင်များသည် ဂျုံ၊ ဝါနှင့် မတ်ပဲ အပါအဝင် နွေသီးနှံများသို့ ရွှေ့ပြောင်းနေကြပြီဖြစ်ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.abc.net.au

Category: International News