International News

ဟောင်ကောင်ဒေသတွင် Covid-19 ဖြစ်ပွားမှုကြောင့် လက်လီလုပ်ငန်းမှ အလုပ်သမား (၁၀,၄၀၀) ဦးနှင့် လက်လီဆိုင် (၅,၂၀၀) ဆိုင် မေလကုန်တွင် ပိတ်သိမ်းရနိုင်ကြောင်း စီးပွားရေးတာဝန်ရှိသူများမှ ပြောကြားခြင်း

Last Updated:

ဟောင်ကောင်ဒေသတွင် Covid-19 ဖြစ်ပွားမှုကြောင့် လက်လီအရောင်းကဏ္ဍတွင် ရိုက်ခတ်မှုများရှိပြီး အလုပ်သမား (၁၀,၄၀၀၀) ဦး အလုပ်လက်မဲ့ ဖြစ်ပြီး စတိုးဆိုင် (၅,၂၀၀) ဆိုင်ပိတ်နိုင်ကြောင်း၊ ဟောင်ကောင်လက်လီအရောင်းဆိုင် စီမံခန့်ခွဲမှုမှအသင်းမှ စတိုးဆိုင် (၃၃၄၅) ဆိုင်ဖွင့်ထားပြီး အလုပ် သမားကဏ္ဍ၏ (၂၃) ရာခိုင်နှုန်း အလုပ်သမားများ လုပ်ကိုင်လျက်ရှိသည့်လုပ်ငန်း (၁၅၂) ခုအား ၃၂-၃-၂၀၂၀ ရက်နေ့မှ ၉-၄-၂၀၂၀ ရက်နေ့အတွင်း လေ့လာခဲ့ကြောင်း၊ Covid-19 ကာလအတွင်းကုမ္ပဏီ (၉၆) ရာခိုင်နှုန်းမှာ ဆုံးရှုံးနိုင်ကြောင်း၊ အစိုးရ၏ပံ့ပိုးမှု ဟောင်ကောင်ဒေါ်လာ (၁၃၇.၅) ဘီလီယံ မှာ အလုပ်လက်မဲ့နှုန်း မြင့်တက်မှုအား နှေးကွေးစေနိုင်မှုသာ ဖြစ်နိုင်ကြောင်း၊ အစိုးရ၏ ပံ့ပိုးမှုအစီအစဉ်မှာ ကာလတိုအတွက်သာဖြစ်နိုင်ပြီး စီးပွားရေး၊ လူမှုရေးလုပ်ငန်းများ ဆက်လက်ဆိုးရွားနေမည်ဆိုပါက လုပ်ငန်းများပိတ်သိမ်းရမည်ဖြစ်ကြောင်း၊ လစာပံ့ပိုးမှုများပေးသော်လည်း ကော်မရှင်ဖြင့် ဝင်ငွေ ရရှိသော အရောင်းဝန်ထမ်းများ၏ လစာကိုကာမိမည် မဟုတ်ကြောင်း၊ အစိုးရမှ လစာအတွက် ဟောင်ကောင်ဒေါ်လာ (၈၀) ဘီလီယံ ပံ့ပိုးသည့် အစီ အစဉ်ဖြင့် အလုပ်သမားတစ်ဦးချင်းစီလျှင် တစ်လဟောင်ကောင်ဒေါ်လာ (၉,၀၀၀) အား (၆) လကြာ ထောက်ပံ့ပေးမှုတွင် ပုဂ္ဂလိကကဏ္ဍမှ အလုပ်သမား (၁.၅) မီလီယံအတွက် ပေးနိုင်မည်ဖြစ်ကြောင်း၊ လက်လီရောင်းချမှုမှာ ဖေဖေါ်ဝါရီလတွင် (၄၄) ရာခိုင်နှုန်းသို့ လျော့ကျခဲ့ကြောင်း၊ လုပ်ငန်း (၈၉) ရာခိုင်နှုန်းမှာ ပြင်းထန်စွာ ထိခိုက်နိုင်ပြီး မေလတွင် အလုပ်သမားများအား လစာမဲ့ခွင့်ယူခြင်းနှင့်် အလုပ်မှ ထုတ်ပယ်ခြင်းတို့ ဖြစ်နိုင်ကြောင်း၊ ဖေဖေါ်ဝါရီ လမှ ဧပြီလအတွင်း အလုပ်သမားများလုပ်ငန်းမှ ရပ်ဆိုင်းမှုမှာ (၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ လက်လီအရောင်းဆိုင် အလုပ်သမား (၂၆၀,၀၀၀) ဦး ရှိရာ (၅,၂၀၀) ဦးမှာ (၃) လကျော်လျှင် လုပ်ငန်းမှ ရပ်နားရနိုင်ကြောင်း၊  Covid-19 ဆက်လက်ဖြစ်ပွားနေလျှင် နောက်ထပ် အလုပ်သမား (၂) ရာခိုင်နှုန်း ဖြစ်သည့် (၅,၂၀၀) ဦးမှာ မေလတွင် အလုပ်အကိုင်ဆုံးရှုံးနိုင်ကြောင်း၊ ဖေဖေါ်ဝါရီလမှ မေလအတွင်းဆိုင် (၅,၂၀၀) လည်း ပိတ်နိုင်ကြောင်း၊ လုပ်ငန်း (၃၇) ရာခိုင်နှုန်းမှ ပြောကြားရာတွင် လုပ်ငန်းများအနေဖြင့်  (၄) လထက်ပို၍ လုပ်ငန်းလည်ပတ်နိုင်ခြင်း မရှိကြောင်း၊ လုပ်ငန်း (၂၀) ရာခိုင်နှုန်းမှ ပြောကြားရာတွင် (၈) လထိသာ လုပ်ငန်းလည်ပတ်နိုင်မည်ဖြစ်ကြောင်း၊ ဟောင်ကောင်တွင် လက်လီအရောင်းဆိုင် (၆၂,၄၀၀) ဆိုင်ရှိရာ ဆိုင် (၆,၆၀၀) မှာ မေလနှင့် ဩဂုတ်လအတွင်း ပိတ်သိမ်းနိုင်ကြောင်း၊ (၈,၆၀၀) ဆိုင်မှာ စက်တင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ပိတ်သိမ်းရနိုင်ကြောင်း၊ လာမည့် လေးလတာကာလမှာ အရေးကြီးသည့်အချိန်ဖြစ်ကြောင်း၊ ခန့်မှန်းထားသည့်အတိုင်းမှန်လျှင် လုပ်ငန်းလေးပုံတစ်ပုံမှာ ယခုနှစ်ကုန်တွင် ပိတ်သိမ်းသွား နိုင်ကြောင်း၊ အခန်းရှင်များမှ ငှားရမ်းခများ လျော့ချပေးလျင် ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း၊ အခန်းငှားရမ်းခအား လုပ်ငန်းဝင်ငွေပေါ်မူတည်၍ ကောက်ခံရန်နှင့် မေလနှင့် ဇွန်လငှားရမ်းခများအား သက်သာခွင့်ပေးရန် အဆာက်အဦ/အခန်း ပိုင်ရှင်များအား ညှိနှိုင်းရန်ခေါ်ခဲ့သော်လည်း လာရောက် ခြင်းမရှိကြောင်း၊ ခရီးသွားလုပ်ငန်းမှာလည်း ဝင်ငွေမရှိသောကြောင့် ပိတ်လိုက်ရကြောင်း၊ ခရီးသွားဧည့်သည် (၈၀၀) အတွက် ပြန်အမ်းငွေ ဟောင်ကောင်ဒေါ်လာ (၈၀၀,၀၀၀) ‌ပေးရန်ရှိသော်လည်း ခရီးသွား များအနေဖြင့် ပြန်လည်ရရှိနိုင်ခြင်း မရှိသေးကြောင်း၊ ခရီးသွားများအနေဖြင့် ခရီးသွာလုပ်ငန်း လေျာ်ကြေးရန်ပုံငွေသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၆ ရက်နေ့ ထုတ် South China Morning Post  သတင်းစာ၌ Kanis Leung က “Estimated 10400 retail workers axed, 5,200 shops to close in Hong Kong by end of May as coronavirus hammers sector, trade body warns” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

Category: International News