International News

ဟောင်ကောင်ဒေသရှိ VICTORIA’s Secret ဆိုင် ပိတ်သိမ်းလိုက်ခြင်း

Last Updated:

COVID-19 ဖြစ်ပွားမှုနှင့် အစိုးရဆန့်ကျင်ဆန္ဒပြမှုများကြောင့် ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုကြောင့် ဟောင်ကောင်ဒေသ၊ Causeway Bay ၌ ဖွင့်လှစ်ထားသော အမေရိကန်လက်လီအရောင်းဆိုင် VICTORIA’s Secret ဆိုင်ပိတ်သိမ်းခဲ့ကြောင်း၊ လက်လီရောင်းချမှုများ ကောင်းမွန်နိုင်သည့် အခြေအနေမရှိသောကြောင့် နာမည်ကြီး ကုန်အမှတ်တံဆိပ်ဆိုင်အများစုမှာ ပိတ်သိမ်းကြမည်ဖြစ်ကြောင်း၊ COVID-19 အားထိန်းချုပ်နိုင်ခဲ့လျှင်ပင် ရောဂါမဖြစ်ပွားခင် အချိန်ကကဲ့သို့ ဈေးကွက်ပြန်လည် ကောင်းမွန်ရန်မဖြစ်နိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းများကျဆင်းကာ ဆိုင်ခန်းပိုင်ရှင်များနှင့် ငှားရမ်းသူများအပေါ်လည်း ထိခိုက်မှုများရှိနေကြောင်း၊ တရုတ်ပြည်မကြီး ဈေးကွက်အတွက် ရည်ရွယ်သည့်နာမည်ကြီး နိုင်ငံတကာကုန်အမှတ်တံဆိပ်ဆိုင်များသည် တရုတ်ပြည်မကြီး၌ တိုက်ရိုက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်၌ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် လက်လီရောင်းချမှုမှာ (၃၆.၁) ရာခိုင်နှုန်း လျော့ကျခဲ့ပြီး ခရီးသွားများ လာရောက်မှုမှာ (၉၉.၉) ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ဟောင်ကောင် ၌ လက်လီရောင်းချမှုများ၊ အစားအစာနှင့် အဖေျာ်ယမကာရောင်းချမှုများနှင့် ဈေးလျှော့ရောင်းချမှုများလည်း လျော့နည်းလာကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၆ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Sandy Li က“ VICTORIA’s Secret HK Flagship Closes Doors” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

 

Category: International News