International News

ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းလျော့ကျသွားသော်လည်း ဆိုးရွားသည့်အခြေအနေမှ မကျော်လွန်သေးကြောင်း

Last Updated:

ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင်(၆.၁) ရာခိုင်နှုန်းသို့ အနည်းငယ်လျော့ကျခဲ့ကြောင်း၊ သို့သော် ကမ္ဘာ့ ကပ်ရောဂါ COVID-19 ကြောင့် စီးပွားရေးကျဆင်းနေရာ အလုပ်လက်မဲ့နှုန်းမှာ ဆိုးရွားနေဦးမည်ဖြစ်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲ၊ အစိုးရဆန့်ကျင်ဆန္ဒပြမှုများနှင့်ကျန်းမာရေးအကြပ်အတည်း ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ဟောင်ကောင်ဒေသ စီးပွားရေး ဆက်လက်ကျဆင်းနေပြီး အလုပ်လက်မဲ့နှုန်းများ မြင့်တက်လျက်ရှိကြောင်း၊ အလုပ်သမားဈေးကွက်အတွက် ဖိအားများဖြစ်ပေါ်နေမည် ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလနှင့် ဇူလိုင်လအတွင်း အလုပ်သမား ဦးရေ (၁၆,၆၀၀) မြင့်တက်ခဲ့ကြောင်း၊ ဇူလိုင်လအစောပိုင်း တွင် COVID-19 ကူးစက်မှု တတိယလှိုင်းကြောင့် အသွားအလာ ကန့်သတ်မှုများ ပြန်လည်ပြုလုပ်ခဲ့ကြောင်း၊ လူ (၂) ဦးထက် ပိုမို စုဝေးခြင်းကိုကန့်သတ်ခြင်းနှင့် စားသောက်ဆိုင်များကို ညနေ (၆) နာရီမှ နံနက် (၅) နာရီအထိ ဆိုင်တွင်းစားသောက်ရန် ရောင်းချခြင်းများအား ကန့်သတ်တားမြစ်ခဲ့ကြောင်း၊ စားသောက်ဆိုင် များ၊ လက်လီအရောင်းဆိုင်များ၊ အစားအစာနှင့် အဖျော်ယမကာများ၊ ဟိုတယ်နှင့် ခရီးသွားလာမှု လုပ်ငန်းများကို ပြင်းထန်စွာ ထိခိုက်မှုများဖြစ်ခဲ့ကြောင်း၊  ဒေသအစိုးရမှပံ့ပိုးမည့် ဟောင်ကောင် ဒေါ်လာ (၈၁) ဘီလီယံ အစီအစဉ်သာမရှိလျှင် အလုပ်လက်မဲ့နှုန်း (၈) ရာခိုင်နှုန်းမြင့်တက်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိလျှင် လာမည့် (၃) လမှ (၄) လအတွင်း လုပ်ငန်း များကို ပိတ်သိမ်းရန်မျှော်မှန်းထားကြောင်း၊ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒစ်ဂျစ်တယ်စနစ်ဖြင့် New Normal ကို ဆက်လက်ဆောင်ရွက် သင့်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာခရီးသွား ကန့်သတ်ချက်များကြောင့်ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန်မျှော်မှန်းမထားကြောင်း၊ အစားအစာနှင့် အဖော်ယမကာရောင်းချမှုကဏ္ဏတွင် အလုပ်လက်မဲ့နှုန်းမှာ ဧပြီနှင့် ဇွန်လအတွင်း (၁၄.၇) ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ SARs ရောဂါဖြစ်ပွားစဉ်က (၁၄.၆) ရာခိုင်နှုန်းထက် ပိုများနေကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အစားအစာဝန်ဆောင်မှု၊ လက်လီရောင်းချမှု၊ တည်းခိုခန်း များတွင် အလုပ်လက်မဲ့နှုန်း (၁၀.၈) ရာခိုင်နှုန်း မြင့်တက်ခဲ့ရာ SARS ရောဂါ ဖြစ်ပွားစဉ်က (၁၀.၇) ရာခိုင်နှုန်းထက် ပိုများနေကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးကဏ္ဍတွင် တိုးတက်မှုများရှိခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌ Denise Tsang က “ Jobless Rate dips, but Experts say worst not over” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: International News