International News

အမေရိကန်ပြည်ထောင်စုတွင်နှစ်ပေါင်း ၄၀ အတွင်း ကုန်ဈေးနှုန်းများမြင့်တက်မှု အမြင့်ဆုံးသို့ရောက်ရှိ

Last Updated:

၂၀၂၁ ဒီဇင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုအတွင်း အခြေခံစားသုံးကုန်၊ လူသုံးကုန်ဈေးနှုန်းများ ၇% အထိမြင့်တက်သွားပြီးနှစ် ၄၀ အတွင်း အမြင့်ဆုံးမြင့်တက်ခဲ့ကြောင်း အမေရိကန် အလုပ်သမားရေးရာဌာနက ထုတ်ပြန်ခဲ့သည်။   အမေရိကန်နိုင်ငံသားတွေ ကုန်ဈေးနှုန်းကြီးမြင့်မှု ဓာဏ်ခံစားနေရပြီး သမ္မတဂျိုးဘိုင်ဒန် အစိုးရကဖြေရှင်းရန်ဖိအား တိုးလာနေသည်။ ကုန်ကြမ်းဈေး၊ သယ်ယူပို့ဆောင်စရိတ်နှင့် စက်သုံးဆီ ဈေးနှုန်းများမြင့်တက်မှုကြောင့် စားသောက်ကုန်ဈေးနှုန်းများမြင့်တက် လာလျှက်ရှိသည်။ 

ကုန်စည်စီးဆင်းမှုနှေးကွေးခြင်းကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း စီးပွားရေးလုပ်ငန်းများ နလန်ထူအောင် ကြိုးစားနေကြရသော်လည်း ကပ်ရောဂါမတိုင်မှီ အချိန်ပြန်ရောက်ဖို့ မလွယ်ကူဘူးလို့ စီးပွားရေးပညာရှင်များက တွက်ဆထားကြသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုသည် အမေရိကန်နိုင်ငံတစ်ခုတွင်သာမဟုတ် ဥရောပနိုင်ငံများတွင်လည်း ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းမှ စတင်၍ ကုန်ဈေးနှုန်း ၅ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: AP News

Category: International News