International News

အမေရိကန်-တရုတ် ကုန်သွယ်ရေးညှိနှိုင်းမှုများ ပိုမိုခက်ခဲလာနိုင်

Last Updated:

အမေရိကန်သမ္မတ ထရမ့်က တရုတ်နိုင်ငံနှင့် ဒုတိယအဆင့် ကုန်သွယ်ရေး သဘောတူညီချက်ရရှိရန် စေ့စပ်ညှိနှိုင်းမှုများ ရှိလာနိုင်မည်မဟုတ်ကြောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပျံ့နှံ့မှုကြောင့် ဆိုးရွားစွာ ပျက်ဆီးသွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယခုနှစ် ဇန်နဝါရီလက လက်မှတ်ရေးထိုးခဲ့သည့် ကုန်သွယ်ရေးသဘောတူညီချက်ကို နှစ်ဘက်လုံးက ပထမအဆင့် သဘောတူညီချက်အဖြစ်သတ်မှတ်ထားပြီး နောက် ဒုတိယအဆင့်၊ တတိယအဆင့် စသဖြင့် ဆက်လက်စေ့စပ်ညှိနှိုင်းသွားကြမည်ဟု ရည်မှန်းထားခဲ့ကြပါသည်။ ၂၀၁၈ ခုနှစ်ကတည်းက ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းသူများ စတင်ညှိနှိုင်းခဲ့ကြသော်လည်း ၂၀၁၉ ခုနှစ်၊ မေလတွင် အကောက်ခွန်များ တိုးမြှင့်ကောက်ခံကြပြီး ညှိနှိုင်းဆွေးနွးမှုများ အဆင်မပြေဖြစ်ခဲ့ကြကြောင်း၊ အမေရိကန် ကုမ္ပဏီများအား တရုတ်စီးပွားဖက်များကို နည်းပညာဝေမျှပေးရန် တရုတ်ဘက်က တွန်းအားပေးခြင်းနှင့် တရုတ်နိုင်ငံက ၎င်းပြည်တွင်းကုမ္ပဏီများအပေါ်အထောက် အပံ့ပေးခြင်းစသည့်  တို့ကို ဆက်လက်ညှိနှိုင်းလို၍ စောင့်ဆိုင်းခဲ့ကြောင်း ခက်ခဲသည့် ကိစ္စရပ်တစ်ချို့အပေါ် အမေရိကန်ဘက်မှ စေ့စပ်ညှိနှိုင်းရန် စောင့်ဆိုင်းခဲ့ကြောင်း၊ အမေရိကန်နှင့်တရုတ်နိုင်ငံတို့သည် ဒုတိယအဆင့် သဘောတူညီချက်ရရှိအောင် ညှိနှိုင်းနိုင်မည်ဟု မယုံကြည်ပါကြောင်း ပိုမိုခက်ခဲမည်ဖြစ်ကြောင်း စီးပွားရေးသုတေသီ များကပြောကြားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

 

https://www.wsj.com/articles/trump-pessimistic-on-phase-two-china-trade-deal-11594400326

 

Category: International News