ဈေးကွက်ဈေးနှုန်း

အမျိုးသားပို့ကုန်မဟာဗျူဟာ၂၀၂၀-၂၀၂၅ဒီဇိုင်းရေးဆွဲခြင်းနှင့်အကောင်အထည်ဖော်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ(Press Conference)ကျင်းပခြင်း

Last Updated:

အမျိုးသားပို့ကုန်မဟာဗျူဟာ၂၀၂၀-၂၀၂၅ဒီဇိုင်းရေးဆွဲခြင်းနှင့်အကောင်အထည်ဖော်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ(Press Conference)ကျင်းပခြင်း

အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ဒီဇိုင်းရေးဆွဲခြင်းနဲ့အကောင်အထည်ဖော်ခြင်း ဆိုင်ရာသတင်းစာ ရှင်းလင်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့ မွန်းလွဲ (၂:၀၀) နာရီ အချိန်တွင် ရန်ကုန်မြို့ Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦး​အောင်ထူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် (UMFCCI)၊ ဒုတိယဥက္ကဌဒေါက်တာမောင်မောင်လေးတို့ကတက်ရောက်၍ အမျိုးသား ပို့ကုန်မဟာ ဗျူဟာ ၂၀၂၀-၂၀၂၅ အကောင်အထည်ဖော်ခြင်း၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သတင်းထောက် များ၏ မေးမြန်းချက်များကိုပြန်လည်ဖြေကြားပြီး သတင်းစာရှင်းလင်းပွဲကိုညနေ (၃:၁၅)နာရီအချိန်တွင် ရပ်နားခဲ့သည်။ သတင်းစာရှင်းလင်းပွဲသို့ သတင်းဌာန အသီးသီးမှ စုစုပေါင်းသတင်းထောက် (၃၀) ဦးခန့် တက်ရောက်ခဲ့သည်။

 

                                                                                      NES Unit