Local News

အရောင်းအဝယ်သွက်နေတဲ့ ကြက်သွန်နီ

Last Updated:

အရောင်းအဝယ်သွက်နေတဲ့ ကြက်သွန်နီ

          မကွေးတိုင်းဒေသကြီးအတွင်းရှိကြက်သွန်နီစိုက်ပျိုးထွက်ရှိရာဒေသများတွင်ယခင်အပတ်များက စျေးဆက်တိုက် တက်နေပြီးယခုအဝင်များလာတဲ့အတွက်စျေးအနည်းငယ်ကျဆင်းလာတာကိုတွေ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယ နိုင်ငံတို့ကအဝယ်လိုက်နေတာနဲ့အမျှသယ်ယူခစရိတ်လည်းကြီးမြင့်လာတာကြောင့်ကြက်သွန်နီစျေးတရိပ်ရိပ်တက် လာကာပခုက္ကူကြက်သွန်နီစျေးကတော့(၁၅.၆.၂၀၂၂)ရက်နေ့တွင်(၁၇၅ဝ)ကျပ်စျေးအထိမြင့်တက်ခဲ့ပြီး(၂၂.၆.၂၀၂၂) ရက်နေ့တွင်တစ်ပိဿာလျှင်(၁၆ဝဝ)ကျပ်သို့စျေးကျလာကာဆိပ်ဖြူကြက်သွန်နီကတော့(၁၅.၆.၂၀၂၂)ရက်နေ့တွင် (၁၅၂၅)ကျပ်အထိစျေးရရှိခဲ့သော်လည်းယခုနောက်ပိုင်း(၂၂.၆.၂၀၂၂)ရက်နေ့တွင်(၁)ပိဿာလျှင်(၁၅ဝဝ)ကျပ်ဖြစ်သာ အရောင်းအဝယ်ဖြစ်နေတဲ့အတွက်စျေးအနည်းငယ်ကျလာသော်လည်းအရောင်းအဝယ်ကတော့သွတ်နေဆဲဖြစ်တယ်လို့ ကုန်သည်များထံမှသိရပါတယ်။  

Category: Local News