International News

အလံပြာတပ်ဆင်ထားသော လျှော့ဈေးဖြင့် ရောင်းချဖြန့်ဖြူးပေးမည့် ကုန်တင်ကားများအနေဖြင့် မြို့တော်လမ်းမများဆီသို့သွားရောက်

Last Updated:

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ဗုဒ္ဓဟူးနေ့ (၁၃.၅.၂၀၂၀ရက်နေ့) တွင် ၎င်း၏ ဈေးနှုန်းချိုသာသော လူသုံးကုန်ပစ္စည်း ဖြန့်ဖြူးရေး အစီအစဉ် ၏ တတိယအဆင့်ကို စတင်မည်ဖြစ်ပါသည်။ ၎င်းအစီအစဉ်တွင် ကုန်ပစ္စည်းတင်ဆောင်ထားသော ကုန်တင်ကားအစီးရေ (၃၀၀) ဖြင့် ဗန်ကောက်မြို့နှင့် အနီးပတ်ဝန်းကျင် ပြည်နယ်များရှိ ဒေသခံများအနေဖြင့် အဆိုပါကုန်ပစ္စည်းများ အားဝယ်ယူနိုင်ရေးအတွက် ပေးပို့ဖြန့်ချီလိမ့်မည်ဖြစ်ပါသည်။

“Thong Fu Su Phai Covid-19”( Blue Flag against Covid-19)ဟု အမည်နှစ်မျိုးရသောအဆိုပါ အစီအစဉ်ကို  မတ်လနှောင်းပိုင်းတွင် စတင်ခဲ့ပြီး  မြို့တော်ပတ်ဝန်း ကျင်ရှိ ဒေသခံပြည်သူများသို့ ကုန်တင်ကား (၁၀၀) ကျော်ဖြင့်  ကုန်ပစ္စည်းများ ပို့ဆောင်ဖြန့်ချီခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် Boonyarit Kalayanamit က ပြောကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းမှာ ကပ်ရောဂါကာလအတွင်းစားသုံးသူများ၏ ဘဏ္ဍာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ ဈေးနှုန်းနည်းပါးသော ကုန်ပစ္စည်းများဖြန့်ဖြူးရေး အစီအစဉ်သာမက စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ၎င်းနှင့် ဆက်စပ်နေသော အစီအစဉ်တစ်ခုဖြစ်သည့် “ပြည်သူများအတွက် စီးပွားကူးသန်း၏လျှော့ဈေးဖြင့် ဈေးရောင်းချပေးမှု “Commerce Discount for People” အစီအစဉ်အားဧပြီလ(၁၆)ရက်နေ့တွင် စတင်မိတ်ဆက်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်း(၃၁)ခုမှ ကုန်ပစ္စည်း(၇၂)မျိုးကို လျှော့ဈေး ဖြင့် ရောင်းချပေးခဲ့ကြောင်း Mr. Boonyarit က ပြောကြားခဲ့ပါသည်။

အလံပြာအစီအစဉ် (Blue Flag Programme)  ၏ ဒုတိယအဆင့်အား ဧပြီလ (၂၅) ရက် နေ့တွင်စတင်ခဲ့ကြောင်း၊ ၎င်းတွင် စားသုံးသူများအတွက် ဈေးလျှော့ရောင်းချ ပေးမည့် စီးပွားရေးလုပ်ငန်းပေါင်း (၅၁) ခုအထိ တိုးတက်လာခဲ့ပြီး လျှော့ဈေးဖြင့်ရောင်းချပေးမည့် ကုန်ပစ္စည်းအမျိုးအစားမှာလည်း (၃,၀၂၅) အထိ များပြားလာခဲ့ ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

တတိယအဆင့်တွင် 7-Eleven စတိုးဆိုင်အနေဖြင့် ဘတ် (၃၀-၃၂) ရှိသည့် ရေခဲမုန့် (၆) မျိုးအား (၂၀) ဘတ်အထိ လျှော့ချပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။  ဆက်လက်ပြီး ၎င်းက Ma Ma Cup ခေါက်ဆွဲခြောက်ဗူးထုတ်လုပ်သူ Saha Pathanapibul Plc ကုမ္ပဏီအနေဖြင့် ယခုအစီအစဉ်တွင်ပါဝင်ရန် သဘောတူခဲ့ပြီး ၎င်းတို့၏ ခေါက်ဆွဲခြောက်ဗူးများအား ယခင်ကတစ်ဗူးလျှင် (၁၃) ဘတ်မှ ယခုအခါ (၁၀)ဘတ် ဖြင့်ဈေးလျှော့ရောင်းပေးရန် သဘောတူခဲ့ကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။ ဆက်စပ်သတင်းအနေဖြင့် Mr.Boonyarit က ကပ်ရောဂါဖြစ် ပွားနေစဉ်အတွင်း လယ်သမားများအတွက် အကြွေးပြန်ဆပ်ခြင်းကို ဆိုင်းငံ့ထားပေးရန် ဝန်ကြီးဌာန၏ အဆိုပြုချက်နှင့်စပ်လျှဉ်း၍ လယ်သမားများ ဘဝပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ ရုံးမှ သဘောတူညီခဲ့ကြောင်း ပြောကြားခဲ့ ပါသည်။

ဆန်၊ ပီလောပီနံ၊ ရာဘာနှင့် ပြောင်းဈေးနှုန်းများ မကြာမီက မြင့်တက်လာခဲ့ကြောင်း၊ သို့ရာတွင် ဇီဝလောင်စာဆီထုတ်လုပ်ရာတွင် အဓိကပါဝင်သည့် ဆီအုန်းဈေးနှုန်းမှာ မူနိမ့်ကျနေဆဲဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

Category: International News