International News

အသက်(၁၈)နှစ်နှင့်အထက် စင်ကာပူနိုင်ငံသားများကို စင်ကာပူဒေါ်လာ ၁၀၀ တန်ဖိုးရှိသော ပြည်တွင်းခရီးသွားလက်မှတ်များ ထုတ်ပေးမည်

Last Updated:

၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း အသုံးပြုနိုင်မည့် စင်ကာပူဒေါ်လာ ၁၀၀ တန်ဖိုးရှိသော ခရီးသွားလက်မှတ်များကို ၂၀၂၀ ခုနှစ်တွင် အသက် (၁၈)နှစ်နှင့်အထက်ရှိမည့် စင်ကာပူနိုင်ငံသားများသို့ ထုတ်ပေးသွားမည်ဟု ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန ဝန်ကြီး Mr Chan Chun Sing က Jurong ငှက်ဥယျာဉ်သို့ သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ပါသည်။ ပြည်တွင်းခရီးသွားလုပ်ငန်းများ ဆက်လက် ရပ်တည်နိုင်ရေး အထောက်အကူပြုနိုင်ရန် စင်ကာပူ နိုင်ငံသားများအား ဆွဲဆောင်သည့်အနေဖြင့် စင်ကာပူဒေါ်လာ သန်း ၃၂၀ တန်ဖိုးရှိသော ခရီးသွားများလည်ပတ်သွားလာသည့်နေရာများသို့ ဝင်ရောက်ခွင့်လက်မှတ်များကို ထုတ်ပေးသွားမည်ဟု သြဂုတ်လတွင် ကြေညာခဲ့သည့် အစီအစဉ်အရ ဆောင်ရွက်ခြင်းဖြစ်ပြီး၊ လူငယ်များနှင့်ကလေးများ အတွက် စင်ကာပူဒေါ်လာ ၁၀ လျှော့ပေးမည့် လက်မှတ်များကိုလည်း ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနို်ငငံ)

သတင်းရင်းမြစ် ။    ။ Channel News Asia

Category: International News