International News

အသေးစားနှင့်အလတ်စားကုမ္ပဏီများ၏ အနာဂတ်အလားအလာနှင့်ပတ်သက်၍ စိုးရိမ်နေရကြောင်း စစ်တမ်းသုံးသပ်ချက်အရ သိရ

Last Updated:

ဂျပန်နိုင်ငံရှိ ချေးငွေဆိုင်ရာ သုတေသနကုမ္ပဏီတစ်ခုဖြစ်သည့် Tokyo Shoko Research ၏ စစ်တမ်းကောက်ယူမှုအရ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို မြန်မြန်ဆန်ဆန် ထိန်းချုပ်နိုင်ခြင်းမရှိပါက နိုင်ငံအတွင်းရှိ ရာနှင့်ချီသော အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေဝါလီခံမည့် အလားအလာများရှိကြောင်း ပြောကြားခဲ့ပါသည်။

Tokyo Shoko Research သည် နိုင်ငံအတွင်းရှိ ကုမ္ပဏီပေါင်း ၆,၆၀၀ ကျော်ထံမှ ၎င်းတို့၏ အနာဂတ် အလားအလာအခြေအနေ အပေါ် ရှုမြင်မှုများကို စစ်တမ်းကောက်ယူခဲ့ပါသည်။ အသေး စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း ၄၀၀ ကျော်က ၎င်းတို့ အနေဖြင့် လုပ်ငန်းပိတ်သိမ်းရနိုင်ဖွယ်ရှိကြောင်း ဖြေဆိုခဲ့ကြပြီး ၂၀၀ နီးပါးက ဒေဝါလီခံရန် ဖြစ်နိုင်ခြေ အလားအလာနှင့်ပတ်သက်၍ တစ်နှစ်အတွင်း စဉ်းစားသုံးသပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဖြေကြားခဲ့ကြပါသည်။

အကယ်၍ ဂျပန်အစိုးရအနေဖြင့် စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်ရုတ်သိမ်းပေးမည်ဆိုပါက အဆိုပါစီးပွားရေး လုပ်ငန်းများအနေဖြင့်  လက်ရှိကျန်ရှိနေသည့် ဘဏ္ဍာရေးအနေအထားနှင့် လုပ်ငန်းဆက်လက်ရပ်တည်နိုင်မည့် အခြေအနေရှိ ကြောင်း အဆိုပါ သုတေသန ပြုလုပ်ဆောင်ရွက်သည့် ကုမ္ပဏီက ပြောကြားခဲ့ကြောင်း သိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News