International News

အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသ(ACFTA) အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်

Last Updated:

အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ (ASEAN-China Free Trade Area-ACFTA) အဆင့်မြှင့်တင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုများ တရားဝင်စတင်ဆောင်ရွက်ခြင်းကို အာဆီယံနှင့် တရုတ်နိုင်ငံတို့မှ ခေါင်းဆောင်များကကြိုဆိုခဲ့ကြပါသည်။ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရခြင်းမှာ အာဆီယံ-တရုတ်လွတ်လပ် သောကုန်သွယ်မှုဒေသ (ACFTA) သည် အာဆီယံ-တရုတ်စီးပွားဆက်ဆံရေးကို ပိုမိုနက်ရှိုင်း ကျယ်ပြန့်လာစေရေးနှင့် ဒေသတွင်းနိုင်ငံများ၏ ကပ်ရောဂါအလွန် စီးပွားရေး ပြန်လည်ဦးမော့လာစေရေးကို အထောက်အကူပြုစေရန်အတွက် ရည်ရွယ်ပါသည်။ (၂၅) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေးတွင် အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသ(ACFTA) အဆင့်မြှင့်တင်မှုဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

အာဆီယံ-တရုတ်လွတ်လပ်သောကုန်သွယ်မှုဒေသ(ACFTA) သည် အာဆီယံနှင့်ဆွေးနွေးဖက်နိုင်ငံများအကြားသက်တမ်းအရင့်ဆုံးFTA ဖြစ်ပါသည်။ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုဒေသ(ACFTA) ကို အဆင့်မြှင့်တင်ခြင်းသည် ACFTA ကို စီးပွားရေးလုပ်ငန်းများနှင့် ပိုမိုချိတ်ဆက်မှုရှိစေရန်၊ အနာဂတ်အတွက်အဆင်သင့်ရှိနေပြီး ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို တုံ့ပြန်နိုင်ရန် ဆောင်ရွက်မည်ဟုကတိပြုခြင်းဖြစ်ကြောင်း အာဆီယံနှင့် တရုတ်နိုင်ငံတို့မှ သက်ဆိုင်သူအားလုံးကို အသိပေးလိုက်ခြင်းဖြစ်ပါသည်။

ထိုသို့အဆင်မြှင့်တင်ထားသည့် ACFTA သည် နှစ်ဘက်စလုံးအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် နယ်ပယ်များဖြစ်သော ဒစ်ဂျစ်တယ်စီးပွားရေး၊ Green economy၊ ထောက်ပံ့ရေးကွင်းဆက်ချိတ်ဆက်မှု၊ ယှဉ်ပြိုင်မှု၊ စားသုံးသူအကာအကွယ်ပေးရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSMEs) အကျုံးဝင်မည်ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် အာဆီယံ၏အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှု (FDI) ၏ ဒုတိယအကြီးဆုံးရင်းမြစ်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်တွင် အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံတို့အကြား ကုန်စည်ကုန်သွယ်မှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၆၆၉ ဘီလီယံ အထိ ရောက်ရှိခဲ့ပါသည်။ COVID-19 ကပ်ရောဂါသည် အချိန်အတော်ကြာသက်ရောက်မှုများရှိနေသော်လည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်မှုမှာ ၂၉ ရာခိုင်နှုန်းရှိပါသည်။ အလားတူကာလအတွင်း တရုတ်နိုင်ငံမှ အာဆီယံနိုင်ငံများသို့ FDI စီးဝင်မှုသည် အမေရိကန်ဒေါ်လာ ၁၃.၆ ဘီလီယံရှိပြီး၊ ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၀ ဘီလီယံ၏ နှစ်ဆနီးပါး ရှိနေသဖြင့် အာဆီယံသို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) ဝင်ရောက်မှု စုစုပေါင်း၏ ၇.၈ ရာခိုင်နှုန်းနှင့် ညီမျှပါသည်။

ရှေ့ဆက်ဆောင်ရွက်ခြင်းဖြင့် အာဆီယံ-တရုတ်လွတ်လပ်သော ကုန်သွယ်မှုဒေသ(ACFTA)သည် လက်ရှိကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းနှင့် အရှိန်အဟုန်တို့ကို ပိုမိုပံ့ပိုးပေးမည်ဖြစ်ပါသည်။

 

 

ကေခိုင်ကျော် (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန)

Source: asean.org

Category: International News