International News

အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာ လေကြောင်းခရီးစဉ်များအား ၃၁-၁-၂၀၂၂ နေ့အထိ ဆိုင်းငံ့ထားမည်

Last Updated:

အိန္ဒိယနိုင်ငံသို့ ဝင်/ ထွက်သွားလာသည့် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ ပျံသန်းပြေးဆွဲခြင်းကို ၃၁--၂၀၂၂ နေ့အထိ ဆက်လက်ဆိုင်းငံ့ထားမည် ဖြစ်သည်ဟု အိန္ဒိယ မြို့ပြလေကြောင်း ညွှန်ကြားမှု ဦးစီးဌာန (DGCA) က -၁၂-၂၀၂၁ နေ့၌ ဖြန့်ဝေစာ ထုတ်ပြန်ကြေညာခဲ့ပါသည်။

သို့ရာတွင် ယခုကန့်သတ်ချက်သည် နိုင်ငံတကာ လေကြောင်းကုန်စည်ပို့ဆောင်မှုနှင့် DGCA က အတည်ပြုထားပြီးဖြစ်သော ပြည်ပလေကြောင်းခရီးစဉ်များအပေါ် သက်ရောက်မှုရှိမည် မဟုတ်ကြောင်း၊ ကိစ္စရပ်တစ်ခုချင်းအလိုက် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ရွေးချယ်သတ်မှတ်သည့် လမ်းကြောင်းတွင် နိုင်ငံတကာ လေကြောင်းခရီးစဉ် စီစဉ်ပျံသန်းမှုကို ခွင့်ပြု ပေးနိုင်ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယနိုင်ငံ၌ နိုင်ငံတကာ စီးပွားရေးလေကြောင်းခရီးများ ပျံသန်းမှုကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လမှစတင်၍ ဆိုင်းငံ့ထားရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက်  ပြည်တွင်း၌ ကာကွယ်ဆေးထိုးနှံမှု အရှိန်မြင့်တက်လျက် ရောဂါကူးစက်မှုအခြေအနေ တည်ငြိမ်မှုရရှိလာသည့်အလျောက် နိုင်ငံတကာ ခရီးသည် တင်လေကြောင်းခရီးစဉ်များအား ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ပြန်လည်ခွင့်ပြုမည်ဖြစ်ကြောင်း၊ အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန၏ ကပ်ရောဂါ ဘေးအန္တရာယ် မြင့်မားမှု အဆင့်ခွဲခြားသတ်မှတ်ထားသည့် နိုင်ငံအလိုက်  ခရီးသည်တင်လေကြောင်းခရီးစဉ်များ၏ လုပ်ကိုင်နိုင်ခွင့်ပမာဏကို သတ်မှတ်မည်ဖြစ်ကြောင်း အိန္ဒိယ အစိုးရက ၂၆-၁၁-၂၀၂၁ နေ့၌ သတင်းထုတ်ပြန်ခဲ့သည်။ သို့သော် ကူးစက်မှုနှုန်း မြန်ဆန်မြင့်မားသည့် ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသစ်ဖြစ်သော Omicron သက်ရောက်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာမှုနှင့်အတူ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲမှု စတင်နိုင်မည့်နေ့ရက်ကို ပြန်လည်သတ်မှတ် မည်ဖြစ်ကြောင်း DGCA က ထပ်မံကြေညာချက်ထုတ် ပြန်၍ ဆိုင်းငံ့ခဲ့သည်။

မြို့ပြလေကြောင်းဝန်ကြီး Mr. Jyotiraditya Scindia က ရာဂျာဆာဘလွှတ်တော်သို့ တင်ပြရာ၌ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထိုးနှံမှုမှာ ကမ္ဘာတစ်ဝန်း၌ လွှမ်းခြုံ နိုင်မှုရှိလာသည့် အခြေအနေအရ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့ရာတွင် ဗိုင်းရပ်စ်မျိုးကွဲအသစ် ထွက်ပေါ်လာမှုအပေါ် စိုးရိမ်ဖွယ်ရှိမှုအရ သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ညှိနှိုင်းဆွေးနွေးမှုများလုပ်ဆောင်လျက် ၎င်းအစီအစဉ်နှင့်ပတ်သက်၍ ဆက်လက်လုပ် ဆောင်ခြင်းမပြုပဲ ကပ်ရောဂါအခြေအနေကို အနီးကပ်စောင့်ကြည့် လေ့လာလျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

လက်ရှိကာလ၌ အိန္ဒိယအစိုးရသည် Vande Bharat ခေါ် ကယ်ဆယ်ရေးလေကြောင်းခရီးစဉ်များနှင့် Air Bubble သဘောတူညီချက် လက်မှတ်ရေးထိုးဆောင်ရွက် သည့် နိုင်ငံ ၃၂ ခု ထံသို့သာ အသွား/ အပြန် လေကြောင်းခရီးစဉ်များ ပျံသန်းခွင့်ပြုလျက်ရှိကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         DGCA suspends international flights till January 31, 2022, 9-12-2021, Economic Times

Category: International News