International News

အိန္ဒိယနိုင်ငံ၏ သဘာဝရော်ဘာ ထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ လေ့လာတင်ပြချက်

Last Updated:

သဘာဝရော်ဘာသည် ရုန်းကန်သတ္တိအများဆုံးရှိ၍ ရေမတင်နိုင်သည့်အပြင် လျှပ်စစ် ဓာတ်စီးဆင်းမှုကိုလည်း တားဆီးကာကွယ်နိုင်သဖြင့် ယနေ့ခေတ် လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၃၀၀၀၀ ကျော်၌ ထည့်သွင်းအသုံးပြုလျက်ရှိသည့် အရေးပါသော စက်မှုကုန်ကြမ်းပစ္စည်း တစ်မျိုး ဖြစ်ပါသည်။ ရော်ဘာပင် (သိပ္ပံအမည် Hevea Brasiliensis) မှ ထွက်ရှိသော ကြက်ပေါင်စေးအား ကမ္ဘာပေါ်၌ ပထမဆုံးအသုံးပြုမှုမှာ အမေရိကအလယ်ပိုင်းဒေသမှ စတင်ခဲ့သည်။ ယခုအခါ ကမ္ဘာ တစ်ဝန်းတွင် သဘာဝရော်ဘာအား စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်မှုကို လုပ်ကိုင်လျက်ရှိရာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ တရုတ်နှင့် အိန္ဒိယ စသည့်နိုင်ငံများသည် အဓိက စိုက်ပျိုး ထုတ်လုပ်ရာ ဒေသများဖြစ်သည်။ မျက်မှောက်ကာလ၌ နှစ်စဉ် ကမ္ဘာ့သဘာဝရော်ဘာ ထုတ်လုပ် မှုမှာ တန်ချိန် ၁၂.၄ သန်းခန့်နှင့် သုံးစွဲလိုအားမှာ တန်ချိန် ၁၂.၆ သန်းခန့်ရှိသည်။ ရော်ဘာအား သမားရိုးကျ လူသုံးကုန်ပစ္စည်းများအပြင် ကျန်းမာရေး၊ ကာကွယ်ရေးနှင့် စက်မှုလုပ်ငန်းများတွင် လည်း အသုံးပြုလျက်ရှိပြီး ရော်ဘာသုံးစွဲမှု မြင့်မားသည့် အဓိကနိုင်ငံများ၌ သဘာဝရော်ဘာအား မဟာဗျူဟာကျ ကုန်ကြမ်းအဖြစ် အရန်ထားရှိဆောင်ရွက်လာကြရာ ကမ္ဘာ့ရော်ဘာ ဝယ်လိုအား မှာ မြင့်တက်လျက်ရှိပါသည်။ ဆက်လက်ဖတ်ရှုရန်

Category: International News