International News

အိန္ဒိယ၌ နနွင်းတက် ဈေးကွက်ဝယ်လိုအားမြင့်တက်လျက်ရှိခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်နေချိန်တွင် ဆေးဖက်ဝင်ကုန်ပစ္စည်းအဖြစ် အလေးထားရောင်းဝယ်လာမှုက ဥရောပနှင့် အနောက်အာဖရိက ဈေးကွက်၌ အိန္ဒိယ၏ ပြည်ပပို့ကုန် နနွင်းတက်များအပေါ် ဝယ်လိုအားမြင့်တက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း အိန္ဒိယကုန်သည် အသိုင်းအဝိုင်းမှ ပြောဆို လျက်ရှိကြပါသည်။

အိန္ဒိယနိုင်ငံ၌ နနွင်းတက်များအား နှစ်စဉ် နိုဝင်ဘာလမှ ဇန်နဝါရီလအတွင်း ရိတ်သိမ်း၍ ပြည်ပတင်ပို့လေ့ရှိရာ ယခုနှစ် အစောပိုင်းကာလများတွင် ပြည်ပမှဝယ်လိုအားမှာ ကျဆင်းရှိနေခဲ့သော်လည်း ဖေဖော်ဝါရီလကုန်ပိုင်းခန့်မှစ၍ နနွင်းတက် ပြည်ပဝယ်လိုအား ရုတ်တရက် မြင့် တက်လာကြောင်း၊ အထူးသဖြင့် ဗြိတိန်နှင့် ဂျာမဏီနိုင်ငံတို့မှ ဝယ်ယူမှုပိုမိုများပြားပြီး ၁၀ ရက် ခန့်ကာလအတွင်း ၃၀၀% အထိ မြင့်တက်လာကြောင်း၊ သို့ရာတွင် အိန္ဒိယ နှင့် အဆိုပါနိုင်ငံများအကြား လေကြောင်းခရီးဖြင့် ကုန်စည်‌သယ်ယူပို့ဆောင်နိုင်မှုမှာ ၉၀% ခန့်လျော့ကျခဲ့ရာ ယခုကဲ့သို့ အခွင့်အလမ်း ပေါ်ပေါက်လာမှု ကို အပြည့်အဝရယူနိုင်ခြင်းမရှိကြောင်း သိရှိရသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသည်  ကြက်သားစားသုံးမှုနှင့် ဆက်စပ်လျက်ရှိသည်ဟူသော ကောလာဟလများ အိန္ဒိယပြည်သူလူထုအကြား ဖြစ်ပေါ်လျက် ရှိခြင်းက ပြည်တွင်းဈေးကွက်၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ဝယ်လိုအား ကိုလည်း ၅% မှ ၁၀% အထိ မြင့်တက်မှုဖြစ်ပေါ် စေခဲ့ကြောင်း၊ သို့သော် ပြည်တွင်း၌ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ပိုလျှံစွာ ထုတ်လုပ်နိုင်သဖြင့် ဈေးနှုန်းများမြင့်တက်ခြင်းမရှိစေရန် ထိန်းသိမ်းထားနိုင် ကြောင်း သိရှိရသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Source:         Coronavirus scare shoots up demand for India's raw turmeric, 17 March 2020, Economic Times

Category: International News