International News

အိန္ဒိယ၏ လယ်ယာကဏ္ဍပို့ကုန်တန်ဖိုး ဒေါ်လာ ၅၀ ဘီလီယံ ကျော် ရနိုင်ဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ၌ လက်ရှိ ၂၀၂၁-၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဧပြီလမှ နိုဝင်ဘာလအထိ စိုက်ပျိုး မွေးမြူရေး ထုတ်ကုန်များ အား ပြည်ပသို့တင်ပို့မှုမှာ ယခင်နှစ်ကာလတူထက် ၂၃.၂၁% တိုးတက်လျက်တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁.၀၅ ဘီလီယံ ရရှိထားပြီးဖြစ်ရာ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်၌ ဒေါ်လာ ၅၀ ဘီလီယံအထိ ရရှိနိုင်ဖွယ်ရှိကြောင်း အိန္ဒိယအစိုးရက ၂၀-၁-၂၀၂၂ နေ့တွင် ခန့်မှန်း ချက် ထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန အနေဖြင့် COVID-19 ကပ်ရောဂါ ကာလအတွင်း အရည်အသွေး ဆိုင်ရာ အသိအမှတ်ပြုမှုနှင့် သက်သေခံလက်မှတ်ထုတ်ပေးမှု ဆောင် ရွက်သည့်လုပ်ငန်းများ၏ သက်တမ်းကာလကို တိုးမြှင့်ပေးခြင်း၊ ပြဿနာအခက်အခဲများအား ဖြေ ရှင်းရန် ထိန်းချုပ်ရေးဌာနများ တည်ထောင်ဆောင်ရွက်ခြင်း၊ ပို့ကုန်များအတွက် အင်တာနက်အွန်လိုင်းစနစ်ဖြင့် ထောက်ခံချက်များထုတ်ပေးခြင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေး ဓာတ်ခွဲစမ်းသပ်ခန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း စသည်တို့ အပါအဝင် လုပ်ငန်းအဆင့်များစွာကို လုပ်ဆောင်ခဲ့ ခြင်းက လယ်ယာကဏ္ဍပို့ကုန် အရှိန်အဟုန်မြှင့်တင်မှုကို အထောက်အကူပြုလျက် ကမ္ဘာ့ဈေးကွက် လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ခဲ့ကြောင်း၊ လက်ရှိတိုးတက်မှုနှုန်းထားအရ ယခင်ဘဏ္ဍာနှစ်၌ ရရှိခဲ့ သော လယ်ယာကဏ္ဍပို့ကုန် တန်ဖိုး ဒေါ်လာ ၄၁.၂၅ ဘီလီယံထက် ပိုမိုလျက် ပထမဦးဆုံးအကြိမ် အဖြစ် ၅၀ ဘီလီယံကျော် ရရှိနိုင်မည်ဟု ခန့်မှန်းရကြောင်း၊ ယခု နှစ်တွင် ဆန်တင်ပို့မှုကို တန်ချိန် ၂၁ သန်းမှ ၂၂ သန်းအထိ ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း၊ ဘာစမာတီ မဟုတ်သောဆန် (တိုးတက်မှု ၄၆%) ၊ ဂျုံ (၄၂၁%)၊ သကြား (၆၂%) နှင့် အခြားနှံစားသီးနှံ (၇၉%) တို့ကို စံချိန်တင် တင်ပို့ထား ပြီးဖြစ်ကြောင်း၊ ရေထွက်ပို့ကုန်သည်လည်း ဒေါ်လာ ၈ ဘီလီယံအထိ ပထမဆုံးအကြိမ် တင်ပို့နိုင် ဖွယ်ရှိကြောင်း၊ အလားတူ ဟင်းခတ်အမွှေးအကြိုင် တင်ပို့မှုမှာလည်း ဒေါ်လာ ၄.၈ ဘီလီယံ တန်ဖိုး ဝန်းကျင်ဖြင့် စံချိန်တင်ရရှိနိုင်ရန် ခန့်မှန်းထားကြောင်း၊ ကုန်ထုတ်သွင်းအားစုအပိုင်း၌ အခက်အခဲ များ ကြီးမားစွာရှိနေသော်လည်း အိန္ဒိယ၏ ကော်ဖီပို့ကုန်လုပ်ငန်းမှာ တိုးတက်မှု ၃၅% ခန့်ဖြင့် အခြေအနေကောင်းမွန်လျက်ရှိကြောင်း ဖော်ပြပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)    

Source:        India’s agri exports to touch highest level of $50 billion in FY22, says govt, 20-1-2022, The Hindu Business Line

Category: International News