Local News

အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်း မြေပဲလုံးဆံနီနှင့် လုံးဆံဖြူစျေးမြင့်တက်လာ

Last Updated:

အောင်လံကုန်စည်ဒိုင်တွင်တစ်ပတ်အတွင်းမြေပဲလုံးဆံနီ-လုံးဆံဖြူစျေးမြင့်တက်ကာ

 

မကွေးတိုင်း‌ဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် တစ်ပတ်အတွင်းကာလတူ (၂၆.၇.၂၀၂၂)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အရည်အသွေးနှင့် ဝယ်လိုအားကြောင့် မြေပဲလုံးဆံစျေး မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။ မြေပဲလုံးဆံနီ(၁)ပိဿာလျှင် ယခင်တစ်ပတ်တွင်(၅၁ဝဝ)ကျပ်၊ ယခုတစ်ပတ်တွင်(၅၉ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၈ဝဝ)ကျပ်၊ မြေပဲလုံးဆံဖြူ(၁)ပိဿာ လျှင် ယခင်တစ်ပတ်တွင်(၅၂ဝဝ)ကျပ်၊ ယခုတစ်ပတ်တွင်(၅၉ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၇ဝဝ)ကျပ်စျေးတက်ကာ အရောင်း အဝယ် ဖြစ်လျှက်ရှိပါသည်။

ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News