ဈေးကွက်ဈေးနှုန်း

အောင်လံကုန်စည်ဒိုင်၏ (၂၈.၃.၂၀၂၂)ရက်နေ့ စျေးနှုန်းသုံးသပ်ချက်များ

Last Updated:

ပဲမျိုးစုံ

        အောင်လံကုန်စည်ဒိုင်တွင် (၂၅.၃.၂၀၂၂)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ပဲစဉ်းငုံ(နီ)(၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့(၄၄၂ဝဝ)ကျပ်၊ ယနေ့ (၄၄၅ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၃ဝဝ)ကျပ်၊ ပဲတီစိမ်း(၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့(၄၂ဝဝဝ)ကျပ်၊ ယနေ့(၄၃ဝဝဝ)ကျပ်စျေးဖြစ် သည့်အတွက် (၁ဝဝဝ)ကျပ်၊ ပဲကြီး(၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့(၆ဝဝဝဝ)ကျပ်၊ ယနေ့ (၆၁ဝဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၁ဝဝဝ)ကျပ်၊ မတ်ပဲ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့(၄၇ဝဝဝ)ကျပ်၊ ယနေ့(၄၈ဝဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၁ဝဝဝ)ကျပ်တို့ စျေးအသီးသီးတက်ခဲ့ကာ ကုလားပဲ(မြကြေး)(၂၀)ပိဿာ(၁)တင်းလျှင် ယခင်နေ့(၄၆၅ဝဝ)ကျပ်၊ ယနေ့(၄၆၃ဝဝ)ကျပ်စျေးဖြစ်သည့်အတွက် (၂ဝဝ)ကျပ်စျေးကျကာ အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။

ဝါ

    ဝါ(အရှည်)စျေးနှုန်းအနေဖြင့် (၂၈.၃.၂၀၂၂)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဝါ(၁)ပိဿာလျှင် ယခင်နေ့(၂ဝဝဝ)ကျပ်စျေး၊ ယနေ့တွင်(၂၀၅၀) ကျပ်စျေးဖြစ်တဲ့အတွက် (၅၀)ကျပ်စျေးတက်ကာ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။