International News

အွန်လိုင်းပေါ်တွင် လက်မှတ်ရေးထိုး၍ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများစတင်ခြင်းကို ကွမ်ရှီးဆောင်ရွက်လျက်ရှိ

Last Updated:

ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းကျိုးရှိ  ချင်းပေအရပ်ဒေသတွင် ကူးစက်ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်သည်များကို ထုတ်လုပ်ပံ့ပိုးရန်နှင့် ချင်းပေ ဒေသအစိုးရတို့အကြား 5G နည်းပညာကို အသုံးပြုသည့်လက်မှတ်ရေးထိုးပွဲကို ဖေဖော်ဝါရီ လ (၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Guangzhou Chujian Medical Devices Co, ၏ ဉက္ကဌ  Ding Yuequan၏ ပြောကြားချက်အရ လက်မှတ်ရေးထိုးရန် ၎င်းတို့ကုမ္ပဏီမှ အဆိုပြုလွှာတင်ခဲ့ရာ ရက်ပေါင်း (၂၀)ပင် မကြာခဲ့ကြောင်း၊ လက်ရှိတွင် ပြည်နယ်အစိုးရ၏ အကူအညီဖြင့် စီမံကိန်း၏ စက်ရုံတည်ဆောက်ရေးနှင့် လုပ်သားခန့်ထားရေးကဲ့သို့သော ပဏာမလုပ်ငန်းများကို ကုမ္ပဏီဘက်မှ ပြီးစီးပြီဖြစ်ကြောင်း၊ ယခု လကုန်ပိုင်း၌ ပထမဆုံးထုတ်လုပ်မှုစတင်တော့မည်ဖြစ်ကြောင်း သိရပါသည်။

စီမံကိန်းပြီးစီးပါက ချင်းကျိုးရှိ ကုမ္ပဏီအသစ်သည် တစ်နေ့လျှင် တစ်ခါသုံး ဆေးရုံသုံးနှာခေါင်းစည်း အခုရေ (၃)သိန်း၊ N95 ဆေးရုံသုံးနှာခေါင်းစည်း အခုရေ (၁၅၀၀၀)နှင့် ကိုယ်ပူချိန်တိုင်းလက်ကိုင်ပါဝင်သည့်ကိရိယာ အခုရေ (၄၀၀၀) ထုတ်လုပ်သွားမည်ဖြစ်ပါသည်။    

ရင်းနှှီးမြှုပ်နှံမှု စီမံကိန်းအတွက် အွန်လိုင်းပေါ်မှာ လက်မှတ်ရေးထိုးခြင်းကို ချင်းကျိုး ရှိ Qinzhou Huawei Cloud Townတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး 5G နည်းပညာ နှင့် cloud platforms၊ 5G robotic armsစသည့် နည်းပညာဆိုင်ရာအထောက်အကူများကို အသုံးပြု၍ အွန်လိုင်းပေါ်မှ လက်မှတ်ရေးထိုးပေးသည့် ကွမ်ရှီး၏ ပထမဆုံး ဆောင်ရွက်မှုဖြစ်ပါသည်။  

လက်မှတ်ရေးထိုးကြသူများသည် ၎င်းတို့၏ မိုဘိုင်းလ်ဖုန်းများတွင် လက်မှတ် ရေးထိုးရန် software များကို ထည့်သွင်းပြီး၊  လက်မှတ်ရေးထိုးချိန်၌ 5G robotic arm များဖြင့် စာချုပ်ပေါ်၌ တစ်ချိန်တည်းတွင် လက်မှတ်ရေးထိုးကြခြင်းဖြစ်ပါသည်။

၎င်းနေ့တွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု စီမံကိန်း (၁၅)ခုကို လက်မှတ်ရေးထိုးပေးခဲ့ကာ ၎င်းတို့အနက် ဆေးဝါးဆိုင်ရာပစ္စည်းကိရိယာများ၊ သတင်းအချက်အလက် သိမ်းဆည်းသည့် လုပ်ငန်းများ၊ အွန်လိုင်းလုပ်ငန်းများနှင့် အခြားအရှိန်ရလာသောလုပ်ငန်းများပါဝင်ခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ် ၊ en.gxzf.gov.cn (၂၂-၂-၂၀၂၀)

Category: International News